အပိုင်း (၈၉) အရမ်းကျေနပ်ဖို့ကောင်းတာဘဲ။

605 51 0
                                    

Unicode

ညီအစ်မနှစ်ယောက်ကြားမှ ဆက်ဆံရေးမကောင်းသောကေကာင့် ရှုရှီယန်အား အပြစ်ပေးရန် စိတ်ထဲတွင် စနိုးစနောင့် ဟွာယိုရှန်မဖြစ်ပေ။

သူဌေးဟွာယိုရှန်သည် ပြန်ရိုက်ကူးရန် အမိနိ့ပေးသည့်အချိန်တိုင်း ဝန်ထမ်းများနာခံကြကာ ပြောသည့်အတိုင်းလုပ်ကြသည်။

ဟွာဂိုချင်အော် ဆဌမအကြိမ်မြောက် ရိုက်ကူးခြင်းအတွက် ပြောလိုက်သည်။

"အက်ရှင်"

ဖြန်း။

ရှုရှီယန် နောက်တစ်ချက်ပါးရိုက်လိုက်ချိန် သူမ၏မျက်လုံးထဲ၌ အမုန်းတရားများနှင့်ပြည့်နေသည်။

ရှုရှင်းရိုကို ရိုက်ရတာ အရမ်း‌ ကျေနပ်ဖို့ကောင်းတာဘဲ။ ခံစားရတာကောင်းလိုက်တာ။

လွန်ခဲ့သောငါးနှစ်တွင် ရှုရှင်းရိုနှင့် ချုယုဟီတို့နှစ်ယောက်သည် သူမအား သစ္စာဖောက်ခဲ့ကြသည်။ သူမအပေါ် သူတို့လုပ်ခဲ့သည့် အရာအားလုံးမှတ်မိကာ ရိုက်ချက်များထဲတွင် ထို မှတ်ဉာဏ်များမှာ ဆတိုးပေါင်းထည့်လိုက်သည်။

ရှုရှင်းရို၊ ဒါက ငါ့ကို အနိုင့်ကျင့်ခဲ့ ပြန်ဆပ်လိုက်တဲ့ တန်ဖိုးဘဲ။

ခုနှစ်ကြိမ်၊ ရှစ်ကြိမ်၊ ကိုးကြိမ်မြောက် ရိုက်ကူးခဲ့လေသည်။ ရှုရှီယန် ရှရှင်းရိုအား စုစုပေါင်း ခြောက်ချက်ပြန်ရိုက်လိုက်ရပေသည်။ ရှုရှင်းရို၏ပါးသည် ကိတ်မုန့်အပွကြီးတစ်ခုကဲ့သို့ နီရဲရောင်ကိုင်းနေပေသည်။ ရိုက်ကူးမှလူတိုင်း အံ့ဩဆွံ့အနေကာ မယုံနိုင်ဖြစ်နေကြသည်။ လူတိုင်း ခေါင်းရှုပ်တွေဝေနေကြသည်။ သူဌေးတစ်ယောက်သည် သရုပ်ဆောင်တစ်ယောက်အား ဤကဲ့သို့ အနိုင်ကျင့်သောပုံစံကို တစ်ခါမျှပင်မမြင်ဘူးပေ။

သူဌေးက ဘာဖြစ်နေတာလဲ။

ရှုရှင်းရိုသည် ဂျု့ရှင်လုပ်ငန်းစုမှ မင်းသမီးတစ်ယောက်ပေ။

ဂျု့ရှင်က ယွန်ဟိုင်းလုပ်ငန်းစုရဲ့ ညီမ မဟုတ်ဘူးလား။

ဟွာယိုရှန်သက်ပြင်းချလိုက်ကာ နောက်ဆုံးပြောလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now