အပိုင်း (၆၄) သူမ အမေ၏ သေဆုံးမှု။

856 58 0
                                    

သူမ၏ အမေ အိမ်တော်တွင် နေထိုင်လှုပ်ရှားနေသည့် ပုံရိပ်များ ထင်ထင်ရှားရှားပင် ရှုရှီယန်၏စိတ်ထဲပေါ်လာသည်။ သူမ၏အမေသည် မသေခင်အချိန်တွင် အထီးကျန်၊ အားငယ်စွာ အိမ်တော်တွင် နေထိုင်ခဲ့သေးသည်။ အနုပညာလောကမှ အမိုက်အမှောင်များနှင့် ကောလဟာလများသည် သူမအား ပြင်းထန်သော တိရစ္ဆာန်တစ်ကောင်၏ ဝါးမြိုမှုအား ခံလိုက်ရသလိုပင်ဖြစ်ခဲ့သည်။

သူမ၏ ဂီတအလုပ်နှင့် သူမ အောင်မြင်မှုရခဲ့လေသည်။ သို့သော် ရှုကျင်ရှန်အား သူ၏အိမ်မက်ဖြစ်သော ရုပ်ရှင်ဒါရိုက်တာအလုပ်အား အောင်မြင်စေရန်အလို့ငှာ သူမ၏အိမ်မက်များကို စွန့်လွှတ်လိုက်ကာ သရုပ်ဆောင်လောကသို့ ဝင်ရောက်ခဲ့သည်။ ရှုကျင်ရှန်၏ ဒါရိုက်တာအလုပ်အား ကူညီရန်၊ သူ့အား သရုပ်ဆောင်များ ဒါရိုက်တာများနှင့် မိတ်ဆက်ပေးနိုင်ရန် သူမ ပိုက်ဆံအများအပြားရှာနိုင်စေရန် အလုပ်ကြိုးစားခဲ့သည်။

သို့သော် သူမအား ရှုကျင်ရှန် ဘယ်အရာများ ပြန်ပေးလေခဲ့သနည်း။

ကျင်ရူရွယ် သူ့အား ပိုက်ဆံပေးရန်ငြင်းဆိုသည့်အချိန်တွင် သူမအား ရိုက်နှက်လေသည်။ ကျင်ရူရွယ်သည် တခြားသော အမျိုးသားတစ်ယောက်နှင့် စွပ်စွဲခံရ၍ ကောလဟာလသတင်းထွက်လာသည့်အခါတွင် သူမအား ရှုကျင်ရှန် ရိုက်ဘေသည်။ ရှုကျင်ရှန် အောင်မြင်မှုအနည်းငယ်ရလာသောအချိန်တွင် ကျင်ရူရွယ်၏နောက်တွင် ဆူရူအီနှင့် ဖောက်ပြန်ကာ ကလေးပင်ရလာသည်။ ကျင်ရူရွယ်အား ဖယ်ရှားရန် ညစ်ပတ်သော နည်းလမ်းပေါင်းစုံသုံးကာ တိုက်ခိုက်ခဲ့သည်။

ရှုရှီယန် ငယ်သေးသောအချိန်တွင် သူမ၏အမေသည် ထောင့်တစ်နေရာတွင် ပုန်းကွယ်နေကာ သူမ၏ခြေထောက်များအားဖက်ထားလျက် တစ်ယောက်တည်းငိုနေသည်ကို မသေခင်အချိန်ထိ ညတိုင်း‌ ကြည့်နေခဲ့ရပေသည်။ တဖြေးဖြေးနှင့် သူမ၏အမေသည် စိတ်ကျရောဂါ ခံစားလာရကာအရက်သေစာအလွန်သောက်သုံးမှုကြောင့် အကြောများသေဆုံးသွားခြင်းဖြင့် သူမ၏ကျန်ရှိနေသောအချိန်များအား ကုန်ဆုံးအရိုးထုတ်ခဲ့ရသည်။ နောက်ဆုံးတွင် သေဆုံးခြင်းဖြင့် သူမ၏ လွတ်မြောက်ခွင့်လမ်းအား ရှာတွေ့ခဲ့ပေသည်။

ရှုရှီယန်၊ သူမ၏မျက်လုံးပိတ်လိုက်သည်နှင့် မျက်ရည်များ စကျလာလေသည်။

သူမ၏ဘဝတိုလေးတွင် ကျင်ရူရွယ်သည် သူမ၏ ဂီတလုပ်ငန်းအား ဆောင်ရွက်နေစဉ်အတွင်း၌သာ အစစ်အမှန်ပျော်ရွှင်ခဲ့သည်။ ရှုကျင်ရှန်နှင့် တွေ့ပြီးနောက်ပိုင်းများတွင်  သူမအတွက် ကံဆိုးမိုးမှောင်ကျခဲ့ခြင်းပေ။

ရှုရှီယန်နှင့် လက်မထပ်ခင်အချိန်၌ သူမအမေ၏ အချစ်ရေးရာကိစ္စအား ရှုရှီယန် သိချင်ပေသည်။

မေမေ့ကို တန်ဖိုးကြီးတဲ့ ရင်ထိုးတစ်ခုကို ဘယ်သူကပေးခဲ့တာလဲ။

စိတ်ထဲတွင် ထိုမေးခွန်းပေါ်လာသောကြောင့် သူမအမေ၏ အဝတ်ဗီရိုအား ရှုရှီယန် ဖွင့်လိုက်သည်။ သို့သော် အဝတ်များသာတွေ့၍ တခြား ထူးထူးခြားခြား တစ်ခုမျှ မရှိပေ။ စာအုပ်များနှင့် ဂီတတေးသွားစာရွက်များသာပြည့်နေသော သေတ္တာတစ်လုံးအား ဖွင့်ကြည့်လိုက်သည်။ သို့သော် သေတ္တာ၏အောဂ်ခြေတွင် တစ်စုံတစ်ခုရှိနေသည်။ ဓာတ်ပုံမှန်ဘောင်တစ်ချပ်ပင်။
မှန်ဘောင်သည် ထူးခြားနေကာ ပတ္တမြားဖြင့် လုပ်ထားသော အင်္ကျီကြယ်သီးတစ်စုံသည် ထိုမှန်ဘောင်၏အလယ်တွင် ရှိနေသည်။

ဘာလို့ ဒီမှာ အင်္ကျီကြယ်သီးတွေရှိနေတာလဲ။

ထိုမှန်ဘောင်၏အနောက်မှ ရှုရှီယန် ဖွင့်လိုက်သည်။ ဆွဲခါလိုက်ကာ အလယ်တစ်နေရာတွင် တစ်ခုခုညှပ်နေမှန်း သိလိုက်သည်။ သန္ဓေတည်ဆဲ ကလေးတစ်ယောက်၏ သေချာစွာရိုက်ထားသော အာထရာစောင်းဓာတ်ပုံတစ်ခုပင်။ ရှုရှီယန်သည် ယင်ဘာအိုအားလွယ်ထားရခဲ့သော သူမသည်လည်း ထိုသို့သော ဓာတ်ပုံတစ်ခုအားရိုက်ခဲ့ဖူးလေသည်။ ထို့ကြောင့် မည်သည့်ဓာတ်ပုံဖြစ်မှန်းသိခြင်းပေ။ သူမ ထိုပုံအားကြည့်လိုက်ကာ အတော်ပင်ကြာနေကြောင်း သိလိုက်သည်။ အတိအကျပြောရပါလျှင် ၂၃နှစ်မျှပင်ကြာလေပြီ။ ရှုရှီယန်မမွေးခင် လအနည်းငယ်ကပင်ဖြစ်သည်။။

အဲ့တာဆို.....အဲ့ဓာတ်ပုံထဲက ကလေးက ငါများဖြစ်နေမလား။

နောက်သို့လှည့်၍ကြည့်လိုက်သောအခါ မှိန်ပျောက်ကွယ်လုနီးပါးဖြစ်နေသော စာသားအနည်းငယ်အား တွေ့လိုက်သည်။

F၊ နင်က ငါတွေ့ဖူသမျှလူတွေထဲမှာ အကောင်းဆုံးဘဲ။

Fသည် ရှုရှီယန်အား ခေါ်ဆိုသည့် အမည်ဝှက်တစ်မျိုးဖြစ်ပေမည်။

ဒါပေမယ့် အမေက ဘာလို့ အဲ့လိုစာကြောင်းမျိုးကို ပုံရဲ့နောက်မှာ ရေးထားရတာလဲ။

Fက ဘယ်သူလဲ။

အမေ တစ်ချိန်ချိန်တုန်းက ချစ်ကြိုက်ခဲ့ဖူးတဲ့ ယောင်္ကျားတစ်ယောက်များလား။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now