အပိုင်း(၃၅) နောက်ဆုံးတော့ စာပြန်လာပြီ။

993 89 0
                                    

ဝမ်ဒါချီသည် ကွန်ပျူတာကျွမ်းသူတစ်ယောက်ဖြစ်သောကြောင့် သူမေးသမျှမေးခွန်းအချို့အား ဖြေနိုင်မည်ဟု ရှုရှီယန်သိလိုက်သည်။

"ဒါချီ။ ငါ တစ်ခုလောက်မေးလို့ရမလား။ စကားပြောထားတဲ့ အကောင့်တစ်ခု ခိုးခံရရင် ပြန်ယူလို့ကောရနိုင်မလား။"

ဝမ်ဒါချီအတွက် ထိုအရာသည် အသေးစားလေးတစ်ခုပင်။

"ရတာပေါ့။ ပြန်ယူလို့ရတယ်။"

"တကယ်လား။" ရှုရှီယန် အံဩသွားသည်။

"ခိုးခံထားရတဲ့ အကောင့်တစ်ခု ငါ့မှာရှိတယ်။ ကြည့်ပြီး ပြန်ယူပေးလို့ရ့မလား။"

"ရတယ်။ နင့်ရဲ့အကောင့်အိုင်တီနံပါတ်ပေးလိုက်။ ကွန်ပျူတာပြင်ပြီးတာနဲ့ အဲ့တာကို ပြန်ယူပေးမယ်။"

ရှုရှီယန် သူ၏အကောင့်နံပါတ်အား ‌ကပ်စာရွက်လေးပေါ်တွင်ချရေးပြီးနောက် ဝမ်ဒါချီသို့ လက်ကမ်းပေးလိုက်သည်။ ဝမ်ဒါချီ စာရွက်အားကြည့်ပြီးနောက် ဖန်ရှောင်ချန်၏စာကြည့်ခန်းထဲသို့ ဝင်သွားသည်။

အိုင်တီနည်းပညာကျွမ်းကျင်သူတစ်ယောက် အနီးအနားတွင်ရှိခြင်းသည် တကယ်ပင် ကွဲပြားကွာခြားသည်။ နာရီဝက်အတွင်း ဝမ်ဒါချီသည် ကွန်ပျူတာပြင်ပြီးကာ တိုက်ရိုက်ထုတ်လွှင့်မှုနှင့်ဆိုင်သည့် လိုအပ်သောအရာများအား ထည့်သွင်းရုံ တင်မက ရှုရှီယန်နှင့်ပြောထားသော အကောင့်အားပြန်လည်ယူနိုင်ခဲ့သည်။

စာကြည့်ခန်းမှ ထွက်လာပြီး ရှုရှီယန်အား စာရွက်လေး ပြန်ကမ်းပေးလိုက်သည်။

"ဒီဟာက အချိန်တစ်ခုလောက်တော့ သုံးလို့ရအောင် ငါလုပ်ထားတဲ့ စကားဝှက်။ မင်းဝင်ပြီးရင်တော့ မင်းဘာသာပြောင်းလိုက်လို့ရတယ်။"

"အိုကေ။ ကျေးဇူးအများကြီးတင်တယ် ဒါချီ။"

"ရပါတယ်။"

ဝမ်ဒါချီ၊ သူ၏ နောက်စေ့အားလက်ဖြင့်ကုတ်ခြစ်နေကာ ရယ်နေလျက် ပြောလိုက်သည်။

ရှုရှီယန်၊ သူမ၏အကောင့်ထဲသို့ စကားဝှက်အသစ်နဲ့ ပြန်ဝင်လိုက်သည်။ စကားဝှက်အားရိုက်ပြီးနောက် စကားပြောသည့်နေရာသို့ သူမဝင်လိုက်သည်။ အရင်က သူမနှင့် သူငယ်ချင်းဖြစ်နေသောသူများသည် နာမည်စာရင်းများတွင်ရှိနေသေးကြောင်းတွေ့ရသည်။ သူငယ်ချင်းများပို့ထားသောစာများအား မဖတ်ရသေးသောကြောင့် နံပါတ်များပါသည့်အနီရောင်စက်ဝိုင်းမျာအား တွေ့ရသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now