အပိုင်း(၄၀) သေမလို ခံစားရတယ်။

946 75 0
                                    

ယွန်ဟိုင်းလုပ်ငန်းစုတွင် အနားချိန်ပင်။ တ‌ယောသံမျာဖြင့်ပြည့်‌နေသော ဥဣဌ၏ရုံးခန်းထဲရှိ ဗီရိုထိပ်တွင် ၁၉၀၀ဝန်းကျင် ဓာတ်စက်တစ်ခုအား တင်ထားသည်။

ဟွာယိုရှန်သည် သူ၏စိတ်အခြေအနေကောင်းမွန်သည့်အချိန်မှသာ သီချင်းနားထောင်လေ့ရှိသည်။ ဓာတ်စက်သည်ပင် ဖုန်အတော်များ တတ်နေသည်။ နောက်ဆုံး ထိုဓာတ်စက်သည် သာယာနာပျော်ဖွယ်ရှိသော သီချင်းသံ ထုတ်လွှင့်ခွင့်ရပေသည်။ သီချင်းသည် ဟွာယိုရှန်၏ဝါသနာများထဲမှ တစ်ခုဖြစ်သည့်အပြင် ထိုနေရာ၌ အလွန်အရည်အချင်းရှိပေသည်။ အရင်အတိတ်အချိန်များ၌ မျိုးစုံသော တူရိယာပစ္စည်းများ တီးခတ်လေ့ရှိသည်။ ဂီတလိုင်းအား အစကတည်းကပင် သူယူခဲ့ပါလျှင် အခုချိန်၌ နာမည်ကြီးသော ဂီတပညာရှင်တစ်ယောက်ဖြစ်နေလေပေမည်။

စာသားရေးသားခြင်းနှင့် သီချင်း‌ရေးရာများတွင် ကျွမ်းကျင်လှပေသည်။ သူ နိုင်ငံတကာအကောင်းဆုံးသရုပ်ဆောင်ဆု ရခဲ့သော "ဘဝရဲ့၂၄နာရီ"ဇာတ်ကား၏ အဆုံးသတ်သီချင်းအား သူကိုယ်တိုင်ရေးကာ ထုတ်လုပ်ခဲ့သည်။ သီချင်းထဲတွင် ဟွာယိုရှန် ကိုယ့်ကိုကိုယ် စိတ်နှစ်ထားသည့်အချိန်တွင် ရှုရှီယန်ဆီမှ ဖုန်းခေါ်ဆိုမှု ရရှိလိုက်သည်။ ထိုခေါ်ဆိုမှုကြောင့် အံအားသင့်ရုံပင်မက အလွန်ပင်ရှော့ရသွားသည်။ အလျင်အမြန်ပင် သီချင်းအားပိတ်လိုက်သည်။

"ယွန်ဟိုင်းအနုပညာကုမ္ပဏီပါ။ ဘာများ ကူညီရမလဲ။"

"ဟွာယိုရှန်။ အိုး။ တောင်းပန်ပါတယ်။ မစ္စတာဟွာ။ ကျွန်မမေးချင်တာလေးရှိလို့ပါ။ တမြန်မနေ့က ကျွန်မကို အဝတ်အစားလဲဖို့ကူညီပေးခဲ့တဲ့ အဝတ်အပေတွေ ရှိသေးလား။"

"ဟုတ်ကဲ့။ အဲတာတွေကို လျှော်ပြီးပြီ။"

ဟွာယိုရှန်သည် ဖုန်းတခြားဘက်မှ ရှုရှီယန်၏ အမောလိုက်‌နေသောအသံအား ကြားလိုက်သည်။

"ဘာလို့လဲ။ ဘာဖြစ်လို့လဲ။"

အဲ့မှာ ရှိသေးတယ်။

ရှုရှီယန် စိတ်သက်သာရာရသွားသည်။

"လျှော်လိုက်တဲ့အချိန် အိတ်ထောင်‌တွေထဲက စာရွက်ပိုင်းလေးရှိသေးလား။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now