အပိုင်း (၇၁) နင့်အပေါ် အကြွေးတင်နေသလို ငါ ခံစားရတယ်။

677 54 0
                                    


ထိုတစ်နေ့တာ ရိုက်ကူးမှုပြီးသွားသည့်အခါ ရှုရှီယန် ချီလီယာအား တွေ့ရန်ဆုံးဖြတ်လိုက်သည်။ ချီလီယာ၏မိတ်ကပ်ဆရာသည် သူမ၏မိတ်ကပ်အား ဖျက်ပေးနေသည်။ ချီလီယာသည် မှန်ရှေ့တွင်ထိုင်နေကာ သူမ၏ မျက်နှာထားသည် ဆောင်းလေအေးလိုပင် အေးစက်လှသည်။ ရှုရှီယန် အခန်းထဲသို့မဝင်ခင် တံခါးအား စိတ်လှုပ်ရှားစွာခေါက်လိုက်သည်။ ချီလီယာ၏ရှေ့ရှိ မိတ်ကပ်စားပွဲပေါ်တွင် သောက်စရာတစ်ခုအား သူမချလိုက်၍ ယဉ်ကျေးစွာပြောလိုက်သည်။

"မစ္စချီလီယာ၊ အစ်မအတွက် အသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်လေး ကျွန်မဝယ်လာပါတယ်။"

ချီလီယာ မျက်လုံးပင့်လိုက်ကာ ရှုရှီယန်အား မှန်မှတစ်ဆင့်ကြည့်လိုက်သည်။ သတိပေးသောစကားများအား ပြောလိုက်သည်။

"အခု မင်းက အသစ်လေးဆိုတော့ မင်းရဲ့ သရုပ်ဆောင်မှုကို အာရုံစိုက်ဖို့ ငါ အကြံပေးချင်တယ်။ အချိတ်အဆက်တွေနဲ့ အကျိုးရှာဖို့ဘဲ အမြဲမစဉ်းစားနဲ့၊ မဟုတ်ရင် မသမာတဲ့လူတွေရဲ့ ပစ်မှတ်အထားခံရပြီး အဆုံးသတ်သွားလိမ့်မယ်။ အဲ့တာ မင်းအတွက် ဒုက္ခ ရောက်စေလိမ့်မယ်။"

ရှုရှီယန်အတွက် ချီလီယာ၏အကြံပေးမှုသည် အတိတ်မှသူမ၏အတွေ့အကြုံများအား အခြေခံကာပြောခြင်းဖြစ်သည်။ ရှုရှီယန် တစ်ယောက်တည်းလာ၍ သူမအား ဖျော်ရည်ပေးခြင်းကို ရှုရှင်းရိုနှင့် အခြားတစ် ယောက်ယောက်သာမြင်လျှင် ထိုအကြောင်းအား အနုပညာလောကတွင် အတင်းအဖြစ် ဖွလိမ့်ကြမည်ဖြစ်သည်။

"အစ်မရဲ့ အကြံအဉာဏ်အတွက် ကျေးဇူး တင်ပါတယ်၊ မစ္စချီ။ ကျွန်မစိတ်ထဲမှတ်ထားပါ့မယ်။ ဒီဖျော်ရည်ကို အစ်မဆီယူလာတာမှာ ကျွန်မတခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကျွန်မဘက်ကပြောပေးလို့ ကျေးဇူးတင်ချင်ရုံသက်သက်ပါ။ အစ်မအပေါ် အကြွေး တင်နေသလို ခံစားရလို့ပါ။"

ချီလီယာအား ဖျော်ရည်ပေးပြီးနောက် ရှုရှီယန် ထွက်သွားရမည့် အချိန်ရောက်ပေသည်။

"ကျွန်မ အခု သွားပါတော့မယ်။အစ်မ။ မနက်ဖြန်မှ တွေ့ပါမယ်နော်။"

ရှုရှီယန် လှည့်၍ အဝတ်အစားလဲခန်းတံခါးမှ အားရဝမ်းသာထွက်သွားသည်ကို ချီလီယာမှန်မှတစ်ဆင့် ကြည့်လိုက်မိသည်။ ထို့နောက် ရှုရှီယန်ယူလာသော ဖျော်ရည်ခွက်အား စိုက်ကြည့်ကာ ပေါ့ပါးစွာပင်ပြုံးလိုက်တော့သည်။ အချိန်အကြာကြီးနေမှ မခံစားဖူးသော အနွေးဓာတ်တစ်ခု သူမခံစားလိုက်ရသည် မဟုတ်ပါလား။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now