အပိုင်း(၃၄) သစ္စာရှိတဲ့ရည်းစားကောင်လေးတစ်ယောက်လောက် လိုချင်တယ်။

1K 85 0
                                    

ရှုရှီယန် လည်ချောင်းရှင်းအောင်လုပ်လိုက်ကာ ပြောသည်။

"အကုန် အဆင်ပြေတယ်။ ငါအောင်တယ်။ ရိုက်တာက နောက် ဗုဒ္ဓဟူးဆို စပြီ။"

"အိုး။ ဂုဏ်ပြုပါတယ်ဟယ်။" ဖန်ရှောင်ချန်ပြောလိုက်သည်။

"နင်လုပ်နိုင်မယ်ဆိုတာ ငါသိသားဘဲ။"

ဟွာယိုရှန်၏လက်ထောက်အလုပ် လုပ်မည့်အကြောင်း ဖန်ရှောင်အား ပြောရန် သတိရ‌လေသည်။ သို့သော် သူမအား အသေးစိတ်ပြောရန် ဝန်လေးကာ အင်တင်တင်‌ဖြစ်နေသည်။ ထို့ကြောင့် ထိုအရာအား မသိမသာဖယ်ထားလေသည်။

"အိုး။ဟုတ်သားဘဲ။ ငါနေဖို့ နေရာအသစ်တွေ့ပြီ။ နှစ်ရက်အတွင်း ငါတို့ပြောင်းဖို့လုပ်ထားတယ်။"

"ဘာလို့ အရမ်းလောနေတာလဲ။ ပြန်ရောက်လာကတည်းက အခုမှတော့ နည်းနည်းကြာကြာလေးနေသွားပါအုန်း။ ငါရဲ့ချယ်ရီသီးလေးနဲ့လည်း အကြာကြီးကစားချင်သေးတာကို။"

ဖန်ရှောင်ချန် ယင်ဘာအို၏ပါးဖောင်းဖောင်းလေးအား ဆွဲဖဲ့လိုက်သည်။ သူတို့သားအမိအား ချက်ချင်းကြီး မပြောင်းသွားစေချင်ပေ။

"ဒါချီနဲ့ နင်တွဲနေတာမဟုတ်ဘူးလား။ ငါတို့သာနေရင် နင်တို့အတွက် အနှောင့်အယှက်ဖြစ်လိမ့်မယ်။"

အမှန်တွင် ရှုရှီယန်သည် အရာရာအားလုံးအား စဉ်းစားစီစဉ်ထားခြင်းရှိပြီးသားပင်။ ဟွာယိုရှန်၏အိမ်သို့ သူမဘာသာသူမ ပြောင်းနေမည်။ ယင်ဘာအိုနှင့် ထိုလူအား လုံးဝအတွေ့မခံနိုင်ပေ။ ထို့ကြောင့် ယင်ဘာအိုအား သူမ၏ အဘေးဖြစ်သူတို့ထံတွင် ပို့ထားပေမည်။

"အဆင်ပြေပါတယ်။ ဒါချီကို ထွက်သွားဖို့ ငါပြောလိုက်မယ်လေ။ အရေးမကြီးပါဘူး။"

ဖန်ရှောင်ချန်၏ ပြောစကားများ၊ ပြောဟန်များကြောင့် ရှုရှီယန်ရင်ထဲတွင် ပီတိဖြစ်သွားကာ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူမချက်ချင်းသာပြောင်းမလာလျှင် ဟွာယိုရှန်သည် သူမအား ဘယ်နည်းနှင့်မျှ အလွတ်မပေးမည်ဆိုတာကို သူမနားလည်သည့်တိုင်အောင် သူငယ်ချင်းဖြစ်သူ၏စိတ်ရင်းအား ကြားလိုက်ရသည့်အခါ အလွန်ပင် ဝမ်းသာရလေသည်။ သို့သော်လည်း သူမ ထိုအလိမ်အညာအား ဆက်ပြီးထိန်းသိမ်းထားပေမည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now