အပိုင်း(၅၂) သူ ပြန်ပြီး မတ်တပ်ရပ်ချင်တယ်။

877 65 0
                                    

ရှုရှီယန် ထပ်ပြီး ဘာမျှမပြောတော့ပေ။ ဟွာယိုရှန်ဆီမှ အပြာရောင်အကွက် ထီးလေးအားလှမ်းယူလိုက်ကာ ဗမ်ကားထဲသို့ ဝင်လိုက်သည်။ သူမအား ဂရုစိုက်ပေးသည့်အတွက် ဟွာယိုရှန်အား တကယ်ပင် ကျေးဇူးတင်ချင်သည်။ သူနှင့်အတူ ကားစီးရင်းနှင့် အချိန်တစ်ချို့ သက်သာသွားသည်။ ကားသည်  ငြိမ်ငြိမ်လေးဖြင့် အမြန်ပင် မောင်းနေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် အထွေထွေဆေးရုံကြီးသို့ ရောက်ပေသည်။

ဆေးရုံရှေ့တွင် ကားရပ်လိုက်သည့်အခါ ရှုရှီယန် ဟွာယိုရှန်အား ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် ကားပေါ်မှ အလျှက်အမြန်ဆင်းကာ ထီးယူပြီး ဆေးရုံထဲသို့ ပြေးဝင်သွားသည်။ ရှုရှီယန် ဆင်းသွားသည်ကို မြင်ပြီးနောက် ဒါရိုက်ဘာအား ဆေးရုံ၏ ပြန်လည်ထူထောင်မှုစင်တာသို့ မောင်းရန် ပြောလိုက်သည်။

ဟွာယိုရှန်၊ သူ၏ ပြန်လည်ထူထောင်မှုအား ဆေးရုံတွင် လုပ်ဆောင်ရန် အမှန်ပင် ရည်ရွယ်ထားလေသည်။လွန်ခဲ့သော ကားတိုက်မှုဖြစ်ကတည်းကပင် သူ၏ ပြန်လည်ထူထောင်မှုအား စနေနေ့တိုင်း လုပ်ဆောင်ရန် အစီစဉ်ဆွဲပြီးသားပင်။ သို့သော် အမှန်၌ လွန်ခဲ့သောနှစ်နှစ်ကတည်းကပင် ထိုပြန်လည်ထူထောင်မှုအား ရှောင်ဖယ်ကာ မလုပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ကားတိုက်မှုဖြစ်ပြီး ပထမသုံးနှစ်တွင် ဟွာယိုရှန်၊ မိမိကိုယ်ကို မိမိ ထို နာကျင်မှုဖြစ်ရပ်များထဲတွင်သာ လှောင်ပိတ်ထားခဲ့သည်။ နေ့ရက်တိုင်း နေ့ရက်တိုင်းတွင် နာကျင်မှုများ၊ စိတ်ဓာတ်ကျမှုများနှင့်သာ အဖော်ပြုနေခဲ့သည်။ သူ၏ခါးအောက်ပိုင်းအကုန်သည် ဘဝတစ်လျှောက်လုံး မသန်မစွမ်းဖြစ်နေမည်ဟုသည့် ခြောက်ခြားအံဩဖွယ်ရာသတင်းတစ်ခုသည် ဟွာယိုရှန်ကဲ့သို့သော ဂုဏ်ယူဖွယ်အမျိုးသားတစ်ယောက်အား ယူကျုံးမရ စိတ်သေဆုံးစေခဲ့သည်။ မည်သို့မည်ပုံ ရှေ့ဆက်ရှင်သန်ရမည်ကို လုံးဝမသိခဲ့ပေ။ လူကြားထဲ၊ ပတ်ဝန်းကျင်ထဲသို့ ဝင်ရောက်ရန်ပင် ကြောက်ရွံခဲ့သည်။

သို့သော် လွန်ခဲ့သော နှစ်နှစ်တွင် ယင်ဟုသော အတိုင်ပင်ခံတစ်ယောက်နှင့်တွေ့သည့်အခါတွင် တဖြေးဖြေးနှင့် သူ၏ဘဝအား အကောင်းမြင်လာလေသည်။ မစ္စယင်သည် အခက်ခဲအတားအဆီးများအား ထိပ်တိုက်ရင်ဆိုင်ခဲ့ရသော မသန်စွမ်းများ၏ အကြောင်းများ၊ ထိုသူတို့၏ ကံကြမ္မာပြောင်းလဲရာတွင် အောင်မြင်ခဲ့သည့် အကြောင်းများ စသည်တို့ကို သူ့အားပြောပြပေးခဲ့လေသည်။ သူ့အား ဆက်အားပေးခဲ့သည်။ တွန်းအာပေးခဲ့သည်။ ဘဝသည် ခက်ခဲမည်ဆိုရင်တောင် ထိုအရာများအား အပြုံးဖြင့် ရင်ဆိုင်သင့်ကြောင်း ပြောပြပေးခဲ့သည်။ လုံလောက်သော၊ ခိုင်မာသော ခံယူချက်ဖြင့်သာဆိုလျှင် လူတစ်ယောက်သည် ကံကြမ္မာအား ပြောင်းလဲနိုင်သည့် အင်အားတစ်ခုကို ရှာတွေ့ပေလိမ့်မည်ဟု ယင် ယုံကြည်ထားသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now