အပိုင်း(၄၂) သူမက သိသိသာသာကို ပြဿနာလိုက်ရှာနေတာ။

958 74 0
                                    

ရွှင်ရာတင်၊ သူမ၏လက်များပိုက်ကာ မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ ဤနေ့သည် သူမ လုံးဝစိတ်တိုကာဒေါသထွက်နေရမည့်နေ့ အသေအချာပင်။

"အခြောက်သန့်ရှင်းရေးကြောင့် ပျက်စီးသွားရင်ကော။ဟမ်။ ဒီအခြောက်လျှော်ဖို့လေးကို ငါမတတ်နိုင်ဘူးများ ထင်နေလား။ ဒီဟာက အကန့်အသတ်နဲ့ထုတ်ထားတဲ့ ရှပ်အင်္ကျီ။ မင်း လုပ်ရမှာက ငါ့ကို အသစ်တစ်ထည်ဝယ်ပေးလိုက်ရုံဘဲ။"

စကားနှင့်ရန်ဖြစ်နေသောရန်ပွဲသည် အရှိန်မြင့်လာလေသည်။ လူအုပ်ကြီးသည် သူတို့၏အနားတွင် စတင်စုရုံးလာလေသည်။

"နင့်ရဲ့ ရှပ်အင်္ကျီက ဘယ်လောက်တောင် တန်မှာမို့လို့လဲ။"

"ယွမ်တစ်သိန်း။ မင်းပေးနိုင်လို့လား။ မင်းလိုမျိုး ရိုးရိုးမိန်းမတစ်ယောက်က ဒီလိုရှပ်အင်္ကျီမျိုးဝယ်နိုင်ဖို့ ပိုက်ဆံဘယ်တော့မှရှာနိုင်မှာမဟုတ်ဘူး။"

ရွှင်ရာတင်သည် ရှုရှီယန်နှင့် သူမ၏သာမာန်အဝတ်အစားများအပေါ် အထင်သေးစွာပြောလိုက်သည်။

ရှုရှီယန်ပုံစံသည် ရွှင်ရာတင်ပြောသလို သနားစဖွယ်ပုံစံမဟုတ်သေးပင်။ သူမသည် နားချိန်မရှိ တောက်လျှောက်အလုပ်လုပ်နေခဲ့သည်။ သူမ၏ဆံပင်များပွနေကာ သူမ၏အဝတ်အစားများလဲရန်လည်း အချိန်မရှိပေ။ ပေကျင်း ဟောင်ရီလေလံအဆောက်အအုံ၌ သူမပုံစံသည် လူအများမျှော်လင့်ထားသလိုပုံစံမဟုတ်သည်မှာ မှန်သည်။

ရွှင်ရာတင်နှင့် ပြဿနာအားဖြေရှင်းရန် ရှုရှီယန်၊ သူမ၏လက်ကိုင်အိတ်အားဖွင့်ကာ ရွှင်ရာတင်၏ခြေထောက်ဘေးသို့ ပစ်ချလိုက်သည်။

"ယွမ်တစ်သိန်းဘဲလား။ အဲဒါဆိုရင်တော့ နင်ရဲ့အဝတ်အစားတွေအကုန် ငါဝယ်မယ်။"

လက်ကိုင်အိတ်သည် ကြမ်းပြင်ပေါ်သို့ကျသွားကာ အိတ်ထဲမှ ငွေသားအထပ်လိုက် လှိမ့်ကျလာသည်။ တစ်ချက်တည်းနှင့်ပင် အိတ်ထဲမှ ယွမ်တစ်သိန်းထက်ပင် ပို၍ရှိကြောင်းသိနိုင်ပေသည်။ ပိုက်ဆံအမြောက်အမြားအားတွေ့လိုက်ရသည့်အခါ ရွှင်ရာတင် အံ့ဩမှင်သက်သွားသည်။ ရှုရှီယန်ကဲ့သို့ လူတစ်ယောက်သည် ဤကဲ့သို့ငွေအမြောက်အမြားသယ်မည်ဟု ရွှင်ရာတင် တစ်ခါမျှမတွေးဖူးပေ။ လူအများကြီးရှေ့တွင် သူမရှက်သွားကာ ပြေးစရာနေရာပင်မရှိပေ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now