အပိုင်း (၁၃၂) ခံစားချက်ဆိုးတစ်ခု။

337 19 0
                                    

unicode

ရှုရှီယန် အဆောက်အဦးထဲသို့ဝင်သွားကြောင်း သူတွေ့လိုက်သည်ဟု ဟွာယိုရှန်ထင်နေသည်။ သူ၏ဝှီးချဲနှင့် ရှေ့ဆက်သွားလိုက်သည်။ ထောင့်တစ်နေရာအားကွေ့မည့်အချိန် အခန်း၁၀၂ထဲသို့ တခြား ယောင်္ကျားတစ်ယောက်နှင့် ရှုရှီယန် အတူဝင်သွားသည်ကို တွေ့လိုက်သည်။

ရှုရှီယန်က သူရဲ့အိမ်ကို တခြား ယောင်္ကျားတစ်ယောက်ခေါ်လာတယ်။

သူက ဘယ်သူလဲ။

သူတို့ရဲ့အခြေအနေက ဘာတွေလဲ။

သူ့ရဲ့ကောင်လေးလား။

ဒါပေမယ့် သူ့ရဲ့အကြောင်းကောင်းကောင်းသိဖို့ ငါ တသ်ခါမှ အခွင့်အရေးမရခဲ့ဘူး။ သူ့မှာ ချစ်သူရှိ့လား၊ မရှိ့လား ငါ တစ်ခါမှတောင် မမေးခဲ့ဘူး.....

ဟုတ်တာပေါ့၊ သူက လူလွတ်တစ်ယောက်ဆိုတာကို ငါယုံတယ်။ ဒါပေမယ့် ငါ့ကိုယ်ငါ ထပ်ပြီး မလိမ်နိုင်တော့ဘူး။ သူ့မှာလည်း ချစ်သူရှိချင်ရှိ နေမှာဘဲ။

သူက လှတယ်၊ ယုံကြည်ချက်ရှိတယ်၊ တောက်ပတယ်။ ယောင်္ကျားတိုင်းက သူ့အပေါ် မျက်စိကျကြမှာဘဲ။

ဟင်း.....

အခန်း၁၀၁ထဲသို့ ဝင်သွားသည့်အချိန် ဟွာယိုရှန် သက်ပြင်းအရှည်ကြီးချလျက် စိတ်ဓာတ်ကျနေသည်။ သူ၏ဒူးအားပွေ့ပိုက်ထားကာ အမှောင်ထဲတွင် ထိုင်နေသည်။ သူ၏နှလုံးသည်ပင် တုန်လှုပ်နေသည်။ အချစ်လိုချင်သော ခံစားချက်တစ်ခုပင် သို့သော် ရနိုင်စွမ်းမရှိပေ။ ထိုခံစားချက်သည် သူ့အား နစ်မွန်းစေသည်။ အရင်အချိန်များတွင် သူ့ကိုယ်သူအား ဂုဏ်ယူနေကြပင်။ အရာရာတိုင်းရှိပေသည်။ လူတိုင်း စိတ်ကူးယဉ်နေသာ အိမ်မက်များ၊ အရည်အချင်းများသည် သူ့ထံပင်ရှိသည်။ များပြားလှသော အလားအလာများဖြင့် မွေးဖွားလာသောလူတစ်ယောက်ဖြစ်သည်။ သို့သော် သူတောင်းတနေသည့်အရာအား ယခုအချိန်တိုင်ပင် မရယူနိုင်သေးပေ။

မာနတရားအား မတော်တဆမှုတစ်ခုသည် အဝေးသို့ ဆွဲချွတ်လွင့်ပစ်လိုက်သည်။ ယခု သူသည် သူ၏ဝှီးချဲတွင်သာ အားကိုးအမှီပြုနိုင်သော ယောင်္ကျားတစ်ယောက်ဖြစ်လာသည်.... သူ မသန်စွမ်းတစ်ယောက်ဖြစ်လာပေသည်....

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now