အပိုင်း(၅၀)အနာဂတ်မိန်းမလေးအတွက်ဆိုအကုန် ပုံအောပေးလိုက်မယ်။

1K 72 1
                                    

သူမနေအောင်လုပ်ဖို့အတွက် စမတ်ကျတဲ့ နည်းလမ်းတစ်ခုဘဲ။

မနေရန်အတွက် အကြောင်းပြချက်တစ်ခုမျှပင် ရှုရှီယန် ရှာမတွေ့ပေ။ သူမ ခေါင်းကုတ်လိုက်သည်။

"ကောင်းပြီလေ။ အဲ့တာဆိုလည်း ပြောသလို နေရုံဘဲပေါ့။"

"ဧည့်သည်အခန်းက မင်းရဲ့ဘယ်ဘက်က ဒုတိယအခန်းပါ။ အဲ့မှာ အိပ်လို့ရပါတယ်။" ဟွာယိုရှန်ပြောလိုက်သည်။

"ကျေးဇူးပါ။"

ရှုရှီယန် ခြေလှမ်းအနည်းငယ်သွားပြီးနောက် ရပ်လိုက်သည်။

"မစ္စတာဟွာ။ ကျွန်မရဲ့ အကူအညီတစ်ခုခု လိုတာများရှိ့လား။ ဘယ်လိုပြောရမလဲ....."

ဟွာယိုရှန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

သူမအား အလွန်ပင် ကြင်ကြင်နာနာ ဆက်ဆံပေးလေသည်။ ထို့ကြောင့် သူ၏ ကိုယ်ပိုင် လက်ထောက်ဖြစ်ကြောင်း မေ့လုနီးနီးပင် ဖြစ်နေသည်။

"မရှိပါဘူး။ ကျေးဇူးပါ။ တကယ်လို့ တစ်ခုခုလိုရင် ခေါ်လိုက်ပါမယ်။"

"ဟုတ်ကဲ့။ အဲတာဆိုလည်း ကောင်းသောညလေးဖြစ်ပါစေ။"

ရှုရှီယန် ပြုံးကာ ပြောလိုက်သည်။

သူမ၏အပြုံးအားမြင်လိုက်ခြင်းသည် ဟွာယိုရှန်အားလည်း စွဲမက်ဖွယ်‌ကောင်းသောပါးချိုင့်များ ပေါ်စေသည်အထိပြုံးစေနိုင်သည်ပင်။ ရုတ်တရက် ထိုဆွဲဆောင်မှုရှိသောပါးချိုင့်များကြောင့် ဆွံ့အသွားကာ ရှုရှီယန်၏ မျက်နှာတစ်ပြင်လုံး ရှက်သွေးကြွယ်ကာ နီလာလေသည်။ သူမ လှည့်ကာ ဧည့်သည်ခန်းသို့ အလျင်အမြန်ပြေးဝင်သွားသည်။

ရှုရှီယန်ထွက်သွားလိုက်ပြီးချင်း ဟွာယိုရှန်၊ သူ၏ လျှပ်စစ်ဝှီးချဲအား ဧည့်ခန်းမှ စာကြည့်ခန်းသို့ လှည့်ကာဝင်သွားသည်။ ထို့နောက် ရီရှောင်အားခေါ်လိုက်သည်။

"ငါ မင်းကို အချိန်တစ်ရက်ပေးမယ်။ ဘယ်လောက်ကုန်ကုန်ကိစ္စမရှိ့ဘူး။ ဒါပေမယ့် 'ကျင်ရွယ်'ဆိုတဲ့ နာမည်နဲ့ အနုပညာကုမ္ပဏီတစ်ခု ဖန်တီးရမယ်။ လုပ်ငန်း‌တွေနဲ့ အကောင့်တွေကို တစ်သီးခြားဆီ ကိုင်တွယ်ရမယ်။ မနက်ဖြန်ကျရင် အဲ့ကို ငါ ရှုရှီယန်ကို စာချုပ်ချုပ်ဖို့ ခေါ်လာမှာ။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now