အပိုင်း(၅၉) ရင်ခုန်ဖွယ်ရာ မြင်ကွင်းတစ်ခု။

912 61 0
                                    

"အိုး။ ငါ့ရဲ့ချစ်လှစွာသော မောင်လေးကလည်း၊ တော်တော်ထက်တာဘဲနော်။ ငါ လက်မထပ်ချင်ဘူးဆိုတာ မင်းသိပါတယ်။ အဲ့တော့ ငါဘဲအတွက်ပဲဖြစ်ဖြစ် မင်းအတွက်ပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် ဟွာမိသားစုအတွက်ပဲဖြစ်ဖြစ်ပါ၊ လက်တွဲဖော်ရှာတွေ့တဲ့သူက မင်းဆိုရင် ပို‌တောင်ကောင်းတာပေါ့။ ဒါမှဘဲ အမေတို့ အဖေတို့ မစိုးရိမ်ရတော့မှာပေါ့။"

ဟွာယိုရှန် အကူအညီမဲ့စွာ ပြုံးလိုက်သည်။

"ကျွန်တော်လည်း လက်တွဲဖော်လိုချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်လို မသန်မစွမ်းတစ်ယောက်ကို ဘယ်သူကလိုချင်မှာလဲ။"

"ဟွာယိုရှန်"

ဟွာဆန်ယန်၏အသံသည် ပြောင်းလဲသွားကာ ဒေါသသံအနည်းငယ်ပါလာကာ တကယ့်ပင် ဒေါသထွက်နေပေသည်။

"ဒီလိုမျိုး ကိုယ့်ကိုကိုယ် အပြစ်တင်တဲ့စကားတွေမပြောပါနဲ့ဆိုတာ ဘယ်နှခါပြောရမလဲ။"

ဟွာဆန်ယန်၊ သူမ ထိပ်ဆုံးအခြေအနေကျော်သွားပြီဖြစ်ကြောင်းသိလိုက်ကာ သူမ၏အသံအား ပြန်ပျော့လိုက်ရသည်။

"မောင်လေး။ အခု မင်း ဘယ်လိုပြောလိုက်လဲ။ လက်တွဲဖော်ရှာချင်တယ်။ အဲ့လူက မင်းကို တစ်ချက်လေးတောင်မကြည့်မှာ မင်းက စိုးနေတာလား။ အဲ့တာနဲ့ပက်သက်ပြီး ဘာမှ စိုးရိမ်မလိုဘူး။ ငါ့ရဲ့မောင်လေးက ဒီကမ္ဘာပေါ်မှာ အကောင်းဆုံး ယောင်္ကျားတစ်ယောက်ဘဲ။ မင်းကို ရတဲ့ မိန်းကလေးအတွက် အကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်လိမ့်မယ်။"

"ပြီးတော့ မင်းကအခု ကောင်းတဲ့အနေအထားမဟုတ်သေးတောင်" သူမ ဆက်ပြောလိုက်သည်။ "ငါ မင်းကို ယုံကြည်တယ်။ တစ်နေ့နေ့ ဒီအတားအဆီးတွေကို မင်း ကျော်လွှားနိုင်မယ်ဆိုတာ ငါ အသေအချာသိတယ်။ ကြိုးစားထား။ မောင်လေး။"

"ကျေးဇူးပဲ"

ဟွာယိုရှန် အပြုံးဖြင့် ပြန်ပြောလိုက်သည်။ သူ့ကိုယ်သူ အပြစ်သောသူတစ်ယောက်ဖြစ်နေပါသော်လည်း သူ၏မိသားစုသည် သူ့အပေါ်တွင် ဘယ်သောအခါမျှ အရှုံးပေးမည်မဟုတ်ကြောင်း သူသိသည်။သူ့အား အားပေးလျက် ထောက်ပံပေးလျက် သူ၏နောက်တွင် အမြဲရှိကြပေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now