အပိုင်း (၆၅) ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖေဖေ။

802 59 0
                                    

ထို အင်္ကျီလက်ကြယ်သီးများအား ရှုရှီယန် သေချာ စစ်‌ဆေးကြည့်လိုက်သည်။ ထိုကြယ်သီးများအပေါ်တွင်  သစ်ရွက်လက်စွပ်ပုံစံ  သင်္ကေတတစ်ခု လက်ဖြင့်အလွန်ပင်လက်ရာမြောက်အောင် ရေးထိုးထားသည်။ မည့်သည့်နေရာတွင် ပြုလုပ်ခဲ့ကြောင်း ညွှန်းဆိုထားခြင်းမရှိပေ။ ရှုရှီယန် ကြယ်သီးများနှင့် ဓာတ်ပုံသည် မည်သည့်အချိတ်အဆက်ရှိကြောင်း မရှာတွေ့ပေ။ ထို့ကြောင့် ဓာတ်ပုံနှင့် ကြယ်သီးများအား ဓာတ်ပုံဘောင်ထဲသို့ ပြန်ထည့်လိုက်ကာ ‌ဓာတ်ပုံဘောင်ကိုသူမ၏အိတ်ထဲသို့ ထည့်လိုက်သည်။

စာအုပ်စင်များနှင့် အံဆွဲများ၌ ဆက်၍ လှန်လှောရှာဖွေနေသည်။ သို့သော် တန်ဖိုးရှိကာ ထူးဆန်းသည့် တစ်စုံတစ်ရာမျှမတွေ့ပေ။ ရှုရှီယန် စတင်ကာ နောင်တတစ်ချို့ရလာပေသည်။ လွန်ခဲ့သောငါးနှစ်၊ သူမ ရှုမိသားစုမှ ထွက်လာချိန်တွင် သူမအမေ၏ ပစ္စည်းများအား ရှာဖွေကြည့်ရှုရန် စိတ်ကူးမရှိခဲ့ပေ။ ရှုမိသားစုနေရာတွင် သူမ၏အမေနှင့် ပက်သက်သောတန်ဖိုးရှိသော ပစ္စည်းတစ်စုံတစ်ရာရှိနိုင်ပေသည်။
သို့သော် ယခု သူမ မည်သို့ပင် ပြန်သွားနိုင်ပေမည်နည်း။

........

ထိုညတွင် ရှုရှီယန်နှင့် ယင်ဘာအိုသည် ကျင်မိသားစုအိမ်တွင် နေခဲ့သည်။ ရှုရှီယန် သမီးဖြစ်သူနှင့် စကားပြောကာ အဖိုးဖြစ်သူ၏ အိမ်အား ကြိုက်၊ မကြိုက်အား မေးနေသည်။ အဖြေသည် ယင်ဘာအို၏မျက်နှာတွင် ထင်ထင်ရှားရှားပေါ်နေပေသည်။

"ကြိုက်တယ်... ကြိုက်တယ်။ ဖိုးဖိုးကြီးအိမ်မှာ နေရရင် အရမ်းကောင်းမှာ။ သမီးတို့ အီစတန်မှာနေတဲ့နေရာထက်တောင် ကောင်းတယ်။ ဖိုးဖိုးကြီးရဲ့အိမ်က ဥယျာဉ်ထဲမှာ ငါးတွေ၊ ပန်းပွင့်တွေ များကြီးများကြီးရှိတာ။ ကလေးလေး အဲ့တာကို အရမ်း ကြိုက်တယ်။ ဖိုးဖိုးအိမ်ကလေ အရမ်းလှတာဘဲ။ ပြီးတော့သမီးလည်း ကျားကြီးနဲ့ သူငယ်ချင်းလုပ်လို့ရတာပေါ့။"

လွန်ခဲ့သောနှစ်အနည်းငယ် သူမတို့ အီစတန်တွင်နေခဲ့သောအချိန်၌ ရှုရှီယန်နှင့် သမီးဖြစ်သူယင်ဘာအိုတို့သည် ဥယျာဉ်ပန်းမန်မရှိသည့် JSကြေးစားအုပ်စုထဲမှ တစ်ခုဖြစ်သော အခြေစိုက်စခန်းတွင် အန်ကယ် ကျင်ဈာန်နန်နှင့် အတူနေခဲ့ရသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now