အပိုင်း(၇၄)သူမအားအကောင်းဆုံးတွေပဲသူပေးချင်သည်။

750 52 0
                                    

unicode-

"မဟုတ်ပါဘူး။"

ဟွာယိုရှန်၏လက်အား တွန်းဖယ်ကာ ရှုရှီယန် ပြန်ပြောလိုက်သည်။ ထိုအချိန်တွင် သူမ၏နှလုံးသားထဲတွင် မြတ်များပေါက်လာကာ ယုန်တစ်ကောင်သည် ထိုမြတ်များအာစ ကုတ်ခြစ်နေသလိုပင် ခံစားရသည်။ သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ ဖန်ရှောင်ချန်၏အိမ်ထဲမှ ကြားခဲ့ရသောအသံများသည်သူ၏နားထဲ၌ ကြားနေရ‌သေးသည်။ ကားထဲသို့ပြန်ရောက်၍ ဟွာယိုရှန်အားတွေ့ပြီးနောက်တွင် သူမသည် လွန်ခဲ့သောငါးနှစ်တွက် ဟွာယိုရှန်နှင့်အတူ တစ်ညအား ပြန်လည်မှတ်မိလာသည်။

အင်္ကျီများဖရိုဖရဲဖြစ်နေသော ယောင်္ကျားတစ်ယောက်၊ ယောင်္ကျားတစ်ယောက်၏အင်အားနှင့် ထို့အပြင် ထိုလူသား၏ ကြင်ကြင်နာနာပွေ့ဖက်မှုတစ်ခု......

ထိုလူသည် သူမ၏အရှေ့တွင်ထိုင်နေကာ သူ၏ဆွဲဆောင်ဖွယ်မျက်လုံးများ၊ ဆွဲမက်ဖွယ်နှုတ်ခမ်းများဖြင့် သူမအား ကြည့်နေသည်။ သူ၏ရှပ်အင်္ကျီမှကြယ်သီးနှစ်လုံးဖြုတ်ထားလျကပင်.......အလွန်ပင် ထိန်းမရသိမ်းမနိုင် ဆွဲဆောင်နိုင်လွန်းသောမြင်ကွင်းတစ်ခုပင်။

ငါ သူနဲ့ နီးစပ်ချင်လာပြီ။

ရှုရှီယန် တံတွေးမြိုချလိုက်ကာ သူမ မည်သည့်အကြောင်းတွေးနေသည်ကို သတိထားမိလိုက်သည်။ သူမ၏နဖူးအား အမြန်ပင်ရိုက်ချလိုက်သည်။

ဘုရား၊ ဘုရား။ ငါဘာတွေတွေးနေတာလဲ။ ဟွာယိုရှန်ဆီ ဒီလိုမျိုးအတွေးတွေ တွေးကိုမတွေးသင့်ဘူးလေ၊ အရူးမရဲ့။

ဟွာယိုရှန်ဆီပြောင်းရွေ့နေထိုင်ခြင်းသည် ကောင်းမွန်သောရွေးချယ်မှုတစ်ခု ဟုတ်မဟုတ် သူမ စဉ်းစားနေရပေသည်။

တကယ်လို့ တစ်ချိန်ချိန် ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ဘဲ သူကို လှဲချလိုက်ရင်ကော........

ရှုရှီယန် သူမ၏နဖူးအားကိုင်ထားသည်ကို ဟွာယိုရှန်တွေ့လိုက်၍ သူမအတွက်စိုးရိမ်လာပေသည်။

"ကျင်ရှီ၊ အဆင်ပြေရဲ့လား။ ဘာဖြစ်တာလဲ။"

ရှုရှီယန် ခေါင်းမော့လိုက်ကာ ပြုံးလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now