အပိုင်း (၅၈) သူရင်းနှီးတဲ့ တစ်ဦးတည်းသော မိန်းကလေး။

995 55 0
                                    

ဟွာယန်ဆန် အနုပညာသတင်းစာ၏ရှေ့စာမျက်နှာအား ဟွာယိုရှန်ရှေ့တွင် ပစ်ချလိုက်ကာ မည်သူမည်ဝါမှန်းမသိသည့် မိန်းကလေးတစ်ယောက်၏ နောက်ကျောဘက်ခြမ်းအား ညွှန်ပြလိုက်သည်။

"တစ်ခါတည်း ရှင်းရှင်းလင်းလင်းပြောရင်ကောင်းမယ်နော်။ အဲ့တာဘယ်သူလဲ။"

ဟွာယန်ဆန်သည် ထိုနေရာ၌ အတင်းအဖျင်းစကားများကြောင့် ရောက်လာခြင်းမဟုတ်ပေ။ ဟွာယိုရှန်၏ဘဝနှင့် အနာဂတ်အား အမှန်တကယ် စိတ်ပူသောကြောင့်ဖြစ်သည်။ လွန်ခဲ့သောငါးနှစ်ကတည်းကပင် သူ့အားစောင့်ရှောက်သော၊ ချစ်သောသူမျာသည် သူခံစားနေရသည့်နာကျင်မှုများ၊ စိတ်ဓာတ်ကျကာ မှိုင်တွေနေမှုများကို ကြည့်နေခဲ့ရသည်။ ဟွာယိုရှန်အား သူတို့၏အကူအညီများ၊ အထောက်အပံ့များအားပေးသော်လည်း တစ်ယောက်မျှပင် အမှန်တကယ် မအောင်မြင်ခဲ့ပေ။

အခုချိန်တွင် ဟွာယိုရှန်သည် နောက်ဆုံး သူ၏အတိတ်မှရုန်းထွက်ကာ ဘဝအသစ်အားစတင်နေသည်ပင်။ ထို့ကြောင့် သူ၏မိသားစုသည် ပီတိဖြစ်ကာ ဝမ်းသာပျော်ရွှင်နေသည်။ သူချစ်သော၊ ဂရုစိုက်သောလူတစ်ယောက် ရှာတွေ့ထားသည်ဟုသော သတင်းအားကြားရာတွင် ဝမ်းသာပီတိဖြစ်နေသည်။ ထိုသတင်းအား အမှန်ဖြစ်ရန်မျှော်လင့်နေကြသည်။ သူ၏ဘေးတွင် အမြဲထာဝရရပ်တည်ပေးနိုင်သောလူတစ်ယောက် ရှိစေချင်ကြသည်။

ထိုမိန်းကလေးမည်သူဖြစ်ပါစေ၊ မည်သည့်နေရာမှလာပါစေ၊ ခွဲခြားဆက်ဆံမှုမရှိဘဲ ဟွာယိုရှန်၏အနားတွင်နေချင်စိတ်ရှိ‌သရွေ့ ဟွာမိသားစုသည် ဘာမျှဂရုမစိုက်ပေ။ ဟွာမိသားစု၏ အကျိုအားဆောင်ရွက်ပေးနိုင်မည့်သူ ဖြစ်လာပေလိမ့်မယ်။

"ဘာကို ဆိုလိုတာလဲ"

ဟွာယိုရှန် စကားလမ်းကြောင်းလွှဲချင်နေသည်။ လွန်ခဲ့သေညအချိန်တွင် အမဖြစ်သူသည် အနုပညာသတင်းထောက်လုပ်ငန်းအား နုတ်ထွက်ခဲ့ပါသော်လည်း ထိုသတင်းများတွင် စိတ်ဝင်စားမှုရှိနေပေသေးသည်။

"ယွန်ဟိုင်းလုပ်ငန်းစု လူထုဆက်ဆံရေးဌာနရဲ့ ဒါရိုက်တာအနေနဲ့  ဒီပြဿနာကို ဂရုတစိုက်ဖြေရှင်းဖို့ စီစဉ်ထားရမှာမဟုတ်ဘူးလား။ သတင်းတွေ ဒီလောက်ပွနေတာကို အခု ဒီမှာ ဘာလာလုပ်နေတာလဲ။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now