အပိုင်း (၈၅) လက်စားချေဖို့ အကြောင်းပြချက်တစ်ခု။

725 55 3
                                    

unicode

"တောင်းပန်ပါတယ်။ နောက်အခါဆို ကျွန်မ စောစောလာပါ့မယ်။"

ရှုရှီယန် နောက်ကျသည်မှာ မှန်သည်ဖြစ်၍ ထိုအရာနှင့်ပက်သက်ကာ သူမ ပြန်မငြင်းဆိုပေ။

"ဘာစောင့်နေတာလဲ။" ဝမ်ဒါလီမေးလိုက်သည်။

"သွားပြီး မိတ်ကပ်ပြင်တော့လေ။ နင့်ကို ရှင်းရိုထပ်စောင့်နေရအောင် မလုပ်နဲ့။ အချိန်မတိကျတဲ့သူတွေကို အရမ်းမုန်းတာဘဲ။"

ရှုရှီယန်အပေါ်ဆက်ဆံမှုသည်  ရှုရှင်းရိုထက်ပင် သူသည် ပို၍ ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေသေးသည်။

သိူ့သော် ရှုရှီယန် မည်သည်မျှထပ်ပြောမနေကာ မိတ်ကပ်ပြင်ရန် လင်ဒါဆီသို့ တည့်တည့်သွားလိုက်သည်။ အရာရာအားလုံး အဆင်ပြေနေသည့်ပုံပင်။ သူမ မိတ်ကပ်ပြင်ဆင်ပြီးသည့်အခါ တတိယရိုက်ကွင်းကို စတင်ရိုက်ကူးလေသည်။ ထိုတတိယရိုက်ကူးမှုတွင် မန်ဂျင်ရှင်သည် ဝေပင်ထင်အား သင်ခန်းစာတစ်ခု သင်ပေးနေသည်။ ထိုအခန်းတွက် မန်ဂျင်ရှင်၊ ဝေပင်ထင်၊ ရာရွယ်၊ မိုလီယန် နှင့် အခြားသော နန်းတွင်းအစေခံများ၊ မိန်းမစိုးများပါဝင်လေသည်။

မန်ဂျင်ရှင်သည် အင်ပါယာဘုရင်၏ သဘောကျမှုခံထားရကာ မောင်းမဆောင်တစ်ခုလုံးအား သူ၏ အဆင့်မြင့်ရာထူးနှင့် ဩဇာနှင့် ထိန်းချုပ်ထားသည်။ သို့သော် မကြာခင်ကပင် ဘုရင်သည် ကိုယ်လုပ်တော်အသစ်တစ်ယောက်အား မောင်းမဆောင်ထဲသို့  လက်ခံခေါ်သွင်းလိုက်ကာ သူမ၏စံအိမ်သို့ သုံးရက်တိုင် မရောက်လာပေ။ သူမ မနာလိုဖြစ်လာကာ အသစ်ရောက်လာသော ကိုယ်လုပ်တော်အား တွေ့ရန် ဆုံးဖြတ်လိုက်တော့သည်။

ဥယျာဉ်ထဲတွင် ရှုရှင်းရိုသရုပ်ဆောင်သော မန်ဂျင်ရှင်သည် ကျက်သ‌ရေရှိကျော့ရှင်း
လှပစွာ ဝတ်စားထားကာ မောင်းမအစေခံများအား အနောက်တွင်ခြံရံလျက် ရှေ့မှ ဦးဆောင်ပြီးလာနေသည်။ ရှုရှီယန်သရုပ်ဆောင်သော ရာရွယ်သည်  မန်ဂျင်ရှင်၏အနီးဆုံး အစေခံများထဲမှတစ်ယောက်ပင်ဖြစ်ရာ သူမ၏သခင်မနှင့် နီးကပ်လျက်နောက်မှလိုက်ရပေသည်။ ချီလီယာ သရုပ်ဆောင်သော ဝေပင်ထင်သည် ဥယျာဉ်ထဲတွင် အကအား လေ့ကျင့်နေသည်။ လူအုပ်စုလိုက်ရေုက်ရှိလာမှုအား သူမ သတိမမူမိပေ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now