အပိုင်း (၇၆) ထိန်းချုပ်စမ်း။

686 44 0
                                    

unicode ver -

ဟွာယိုရှန်၏အဝတ်စားလဲခန်းသည် မည်သည့်အတွက်ရှုပ်နေကြောင်း ရှုရှီယန် နားလည်နိုင်ပေသည်။ သူသည် တစ်ယောက်တည်းနေကာ မလုပ်မကိုင်နိုင်၊ မလှုပ်ရှားနိုင်သောသူတစ်ယောက်ပင်။ သူ၏ကန့်သတ်ချက်အားလုံးနှင့် အိမ်အားဤသို့ သန့်ရှင်းနိုင်သမျှသန့်ရှင်းအောင်ထားနိုင်ခြင်းသည် အလွန်အံသြ့စရာပင်။

ရှုပ်ပွေနေသောအဝတ်ဗီရိုမှ ဗွီပုံစံတီရှပ်တစ်ထည်အားရွေးလိုက်ကာ ဟွာယိုရှန်အားကမ်းလိုက်သည်။

"ဒီရှပ် အဆင်ပြေလား။" သူမမေးလိုက်သည်။

"အင်း"

ဟွာယိုရှန်ခေါင်းငြိမ့်လိုက်သည်။‌ ဟောင်းနွမ်းနေသော အဝတ်စုတ်ဖြစ်လျှင်‌တောင် သူ့အတွက် သူမရွေးပေးသည့်အရာမှန်သမျှအား ဝတ်ပေမည်။

"လာလေ၊ အဝတ်အစိုတွေချွတ်ပြီးတော့ ဒါဝတ်လိုက်ပါ။"

ရှုရှီယန် ဟွာယိုရှန်အားစိုက်ကြည့်နေကာ သူ၏အဝတ်ချွတ်ရန်အတွက် စောင့်နေသည်။

"ဒီမှာလား။" ဟွာယိုရှန်မေးလိုက်သည်။

သူရဲ့အရှေ့မှာ အင်္ကျီချွတ်ဖို့ အဆင်ပြေလို့လား။

"လုပ်ပါ။ မဟုတ်လည်း ပထမဆုံးအချိန်မှမဟုတ်တာ။"

သူမ၏အရှေ့တွင် သူ အင်္ကျီချွတ်ခြင်းအတွက် ရှုရှီယန် စိတ်မဆိုးပေ၊ အကုန်လုံး သူမ မြင်ဖူးပြီးသားပေ။

ပထမဆုံးအကြိမ်မဟုတ်ဘူး...။ အတွဲတွေပြော‌နေကြတဲ့ အသံလိုဘဲ......

"...."

သူ၏ခေါင်းအားငုံ၍ ရှပ်အင်္ကျီချွတ်လိုက်သောကြောင့် ဟွာယိုရှန် ရှက်နေပေသည်။ ရှုရှီယန်၏အရှေ့မှလူသည် တစ်ဝက်အဝတ်အစားမပါဖြစ်နေကာ သူ၏ ခိုင်မာကျစ်လျစ်သောကြွက်သားများအား အပြည့်မြင်နေရပေသည်။ ဆွဲဆောင်မှုနှင့် ယောင်္ကျားဆန်မှုဟုသော အငွေ့အသက်များ ထုတ်လွှင့်ပေးနေလေသည်။ အရင်အချိန်တွင် သူ၏ ကိုယ်ခန္ဓာအားမြင်ဖူးသည်မှာ မှန်ပါသည်။ သို့သော် ယခုအချိန် သူမ ထပ်မြင်ရသည့်အခါတွင် ပို၍ညို့အားပြင်းကာ ဦးနှောက်ရှုပ်စရာတစ်ခုနီးပါးပင်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now