အပိုင်း (၁၀၉) ဒီ မစာနာမထောက်ထားတဲ့လူက ဘယ်သူလဲ။

426 33 0
                                    

unicode

ဟွာယိုရှန် ဈေးသို့ သွားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကာ သူ့အတွက် အလွန်ပင် သစ်လွင်ဆန်းသစ်၍ လန်းဆန်းဖွယ်ရာအတွေ့အကြုံတစ်ခုပင်ဖြစ်သည်။ ထိုနေရာမှ လူများသည် ကြင်ကြင်နာနာရှိကာ သူနှင့် ရှုရှီယန်တို့အား လက်ထပ်ထားသော စြံတွဲတစ်တွဲကဲ့သို့ ဆက်ဆံကြပေသည်။ ထိုနေရာအား အမှန်တကယ်ပင် သူ မကြာခန ထပ်သွားချင်ပေသည်။

ရှုရှီယန် ဟွာယိုရှန်အား ကြည့်လိုက်ကာ စိတ်အားငယ်စွာပြောလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ ရှင်က အရမ်းချောလွန်းနေတာကိုး။ အပိုအဆစ်တွေရဖို့အတွက် ရှင့်ရဲ့ ရုပ်ရှည်ကို အသုံးချနေသလို ကျွန်မခံစားရတယ်။"

အမှန်တွင် ဟွာယိုရှန်သည် ဝှီးချဲပေါ်တွင် ရှိနေရုံနှင့် ရှုရှီယန်သည် သူမတို့အပေါ် လူအများ၏ သနားခြင်းများ မခံချင်ပေ။ သူမနှင့် ဟွာယိုရှန်တို့အား ပင်ပင်ပန်းပန်းခက်ခက်ခဲခဲရှိနေသည်ဟု ထင်သောကြောင့် ဈေးသည်များ၏ အပိုပေးခြင်းများကို သူမ မလိုချင်ပေ။ ထိုနေရာသို့ သူမ သွားခြင်းသည် တောင်းစားရန်အတွက်မဟုတ်ပေ။ အနည်းဆုံးတော့ ဟွာယိုရှန်အတွက်ပင်သွားခြင်းဖြစ်သည်။ သူမအား တခနတာ စိုက်ကြည့်ပြီးနောက် ညင်သာသောအသံဖြင့်ပြောလိုက်သည်။

"အဲ့လိုဆိုရင်တော့ ကိုယ်တို့ နောက်တစ်ကြိမ် စူပါမားကတ်ကြီးတွေဆီကိုဘဲ သွားသင့်တယ်။"

စူပါမားကတ်ကြီးများသည် ဈေးကဲ့သို့ ရှုပ်ထွေးပွေလီ‌မနေပေ။ ထို့အပြင် တိုးတိတိုးတိပြောနေသော မိန်းမကြီးများလည်း ရှိမည်မဟုတ်ပေ။

"ကောင်းပြီလေ" သူမ သဘောတူလိုက်သည်။

ရှန်ရှီယု့ဂျင်သို့ပြန်ရောက်သောအခါ ရှုရှီယန် ချက်ပြုတ်လိုက်ကာ ပြီးနောက် စားပွဲပေါ်တွင် စုံလင်လှသော ဟင်းပွဲများပြင်ဆင်တည်ခင်းလိုက်သည်။ သူမ အားလုံးလုပ်ပြီးသွားသည့်အခါ ဟွာယိုရှန်အား ညစာစားရန်ခေါ်လိုက်သည်။

"ဝိုင်ပုလင်းဖောက်ပြီး ဒီနေ့ မင်းရဲ့ အောင်အောင်မြင်မြင်ပြီးသွားတဲ့ လက်မှတ်ထိုးခြင်းအတွက် အောင်ပွဲခံရအောင်။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now