အပိုင်း (၁၁၆) စိတ်ပါလက်ပါ ဖွင့်ပြောမှာ မဟုတ်ဘူး။

409 33 0
                                    

unicode

လွတ်လပ်သော ဆက်ဆံရေးတစ်ခု ဟွာယိုရှန်လိုချင်ပေသည်။ သူချစ်သောသူအားလက်ထပ်ကာ အတူတူနေရုံလေးသည်ပင် သူ့အတွက် လုံလောက်ပေသည်။ ယခု ရှုရှီယန်သည် သူ၏ဘဝထဲသို့ ဝင်လာပေသည်။ ထိုအကြောင်းအား ထပ်၍ ရှေ့လျှောက်ဖုံးကွယ်မရနိုင်ကြောင်း ဟွာယိုရှန် သိပေသည်။

"ပြီးလုနီးပြီ ထင်တာဘဲ။ မိန်းကလေးတွေက အရင်တုန်းကလောက် ကြောက်ဖို့ မကောင်းတော့ဘူးလေ..."

ခွန်ချင်ပြုံးကာ ရှုရှီယန်အား ကြည့်လိုက်သည်။

"မဆိုးပါဘူး။ သူက အတော်ချစ်စရာကောင်းတာဘဲ။"

ပါမောက္ခ ချီးကျူးလိုက်ပေသည်။

"...."

ပါမောက္ခချင်က သတိထားမိသွားတာလား။

ဟွာယိုရှန် ပထမတစ်ဖြတ်ကုသမှုအား ပြီးသည့်နောက် ရှုရှီယန် သူ၏ဘေးသို့ အလျင်အမြန်ရောက်လာကာ တကယ်လက်ထောက်တစ်ယောက်ကဲ့သို့ သူ၏မျက်နှာသုတ်ရာတွင် ကူညီပေးသည်။ ဟွာယိုရှန် အဆင်ပြေကြောင်းကိုလည်း သူမ ဆက်ပြီးပင်မေးနေသည်။ ထိုသူတို့နှစ်ယောက်စလုံးအား ခွန်ချင်ကြည့်ကာ ပြုံးလိုက်သည်။

မင်း ချစ်နေတဲ့အချိန်မှာ ဖုံးကွယ်ဖို့ဆိုတာ အတော်ခက်တယ်နော်။

သူမအား ထိုသို့ကြင်နာသောမျက်လုံးများဖြင့် သူကြည့်သောအခါ ထုတ်ပြောရန်မဖြစ်နိုင်ရုံသာဖြစ်သည်။ ဟွာယိုရှန်သည် ရှက်တတ်သောကောင်လေးဖြစ်မှန်း ခွန်ချင်သိသည်။ ငယ်ငယ်လေးကတည်းကပင် ဟွာယိုရှန်သည် ထိုကဲ့သို့ပင်။ သူချစ်သော မိန်းကလေးအား စိတ်ပါလက်ပါ အားရပါးရ ချစ်ကြိုက်ကြောင်း ဝန်ခံမည့်လူစားမဟုတ်ပေ။ ယခုအခါ သူ၏ခြေထောက်များ ခံစားမှုမရှိ၊ မလှုပ်ရှားနိုင်သောအခါ ပို၍ပင်ဆိုးပေမည်။ မိနစ်အနည်းငယ်နားပြီးနောက် ဟွာယိုရှန် သူ၏ဒုတိယကုသပိုင်းအား ကူညီရန် ခွန်ချင်အားတောင်းဆိုလိုက်သည်။ သူတို့ စတင်တော့မည့်အချိန် တံခါးပွင့်လာပြီး 'ယိုရှန်'ဟုခေါ်ကာ ဗလတောင့်တောင့် ခန္ဓာကိုယ်ကြီးကြီး ယောင်္ကျားတစ်ယောက်ဝင်လာပေသည်။

"ကျွန်တော့်ရဲ့အကိုပါ"

ဟွာယိုရှန် ခေါင်းမော့ကြည့်လိုက်သောအခါ သူ၏တစ်ဝမ်းကွဲအစ်ကိုဖြစ်ကြောင်းသိလိုက်သည်။ သူ၏တစ်ဝမ်းကွဲအစ်ကိုအား ရှုရှီယန်အကြောင်းမည်သို့မည်ပုံရှင်းပြရမှန်းမသိဖြစ်နေကာ သူမအား စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။ ဟွာကျင်တန်သည် အနက်ရောင် အနောက်တိုင်းဝတ်စုံဝတ်ထားကာ ဆံပင်များကိုလည်း ဖီးလိမ်းသပ်တင်ထားသည်။ ထင်ရှားသောမျက်နှာသွင်ပြင်ရှိကာ လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ လမ်းလျှောက်လာသည်။ သူ၏ မျက်နှာသည် အလေးအနက်ထားသောပုံရှိကာ မျက်လုံးများသည် အေးစက်နေ၍ လျို့ဝှက်ချက်များနှင့် သူဘေးတွင် ဝန်းရံထားသလိုပင်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now