အပိုင်း(၅)အလေးအနက်ထားစမ်း။

1.6K 143 0
                                    

unicode ver -

အပန်းဖြေစံအိမ်၏ ဧည့်ခန်းထဲတွင် အဖွားဖြစ်သူ၊ ဖခင်ဖြစ်သူ ရှုဂျင်ရှန် ၊ မိထွေးဆူရူအီ နှင့် အစ်မဖြစ်သူ ရှုမိသားစု၏အကြီးဆုံးသမီး ရှုရှင်းရိုတို့ အကုန်ပင်ရောက်နေကြသည် ။ သူမ အိမ်ကြီးထဲသို့ခြေချလိုက်သည်နှင့် ဆိုဖာပေါ်တွင်ထိုင်ကာ သူမအား ဒေါသတကြီးကြည့်နေကြသော ထိုသူတို့၏ မျက်နှာများအားတစ်ချက်စောင်းငဲ့ကြည့်လိုက်သည် ။ သူမအား မျက်စိဒေါက်ထောက် ကြည့်နေခြင်းက်ိုပင်ခံစားရသည် ။

ရှုရှင်းရိုသည် ရှုရှီယန်အားတွေ့သည်နှင့် မဖက်ရုံတမယ် ညင်သာစွာဆွဲခေါ်ကာ

“ယန်ယန် ရောက်လာပြီလား ။ အဖွား‌ကော ၊ဖေဖေ နဲ့ မေမေတို့ကော အကုန် စိတ်ပူနေကြတာ ။ အခု အကုန်ရှင်းပြလိုက်နော် ညီမလေး ။”

ရှုရှီယန် ၊ ရှုရှင်းရို၏ မာယာပလီပတာ‌တွေကိုပင် စိတ်ပျက်ရွံရှာလာမိသည် ။ တုန်လှုပ်ခြောက်ခြားသော ၊ တောင်းပန်တိုလျှိုးသော အမူအရာ တစိုးတစမျှပင်မရှိသော ပုံစံဖြင့်

“ဘယ်နေရာများ ရှင်းပြဖို့ လိုသေးတာလဲ ။”

ရှုဂျင်ရှန် မခံမရပ်နိုင်ဖြစ်ကာ စားပွဲကို အားဖြင့်ခပ်ပြင်းပြင်းပုတ်ပြီး ဆဲဆို ဆူပူလေ‌‌တော့သည်။

“အယုတ်တမာမ”

ရှုရှီယန် တုန်လှုပ်ခြင်းမရှိ ပကတိဖြူစင်သော မျက်နှာထားနှင့်ပင် ။

“မျိုးရိုးဗီဇအရဆို ကျွန်မသာ အယုတ်တမာဖြစ်မယ်ဆိုရင် ကျွန်မရဲ့အဖေဖြစ်သူကကော ၊ အဲ့ဒါဆို အဖေကကော စိတ်ဓာတ်အောက်တန်းကျတဲ့ မကောင်းဆိုးဝါးပဲမလား။”

“လေးလေးနက်နက် လုပ်စမ်း ၊ အရိုင်းအစိုင်းမ ၊ ပေါ့ပျက်ပျက်နဲ့ ။ ”

ရှုဂျင်ရှန် ချက်ချင်းပင် သွေးများဆောင့်တတ်ကာ သွေးပွက်ပွက်ဆူ၍ အန်ထွက်မည့်ပုံပင် ။

“ဘာလို့လဲ ၊ ကျွန်မက အတည်ပြောနေတဲ့ပုံမပေါ်လို့လား ။ ကျွန်မကအတည် မပြောတယ်ဆိုတောင် တစ်ချို့တစ်ချို့သော အရေခွံအထပ်ထပ်ချုံပြီး ပလီပလာနှပ်စားနေတဲ့သူတွေနဲ့စာရင်တော်ပါသေးတယ်။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now