အပိုင်း (၁၁၉) သူမနဲ့ပက်သတ်တဲ့အရာတိုင်းက ကွဲပြားခြားနားနေတယ်။

381 31 0
                                    

unicode

ဟွာယိုရှန်၏အကြွေးဝယ်ကတ်အား သူမယူသွားသော်လည်း ထိုကတ်ကို သုံးမည့်စိတ်ကူး သူမ မရှိပေ။ သူ့အား စိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍သာ သူမ ထိုကတ်အား ယဉ်းကျေးမှုအရလက်ခံခဲ့သည်။ နာရီဝက်ကြာပြီးနောက် ဟွာယိုရှန်ဗမ်ကားပေါ်တွင်ထိုင်နေစဉ် အနက်ရောင်ဂဖက်ကပ်ယူနီဖောင်းဝတ်ဆင်ထားသော လူငယ်ကောင်လေးတစ်ယောက်ပေါ်လာသည်။ ထိုလူငယ်သည် ဗမ်ကားတံခါးအား ယုံကြည်ချက်ရှိရှိဖွင့်လိုက်ကာ အထဲဝင်၍ ဟွာယိုရှန်ဘေးတွင်ဝင်ထိုင်လိုက်သည်။ ဟွာယိုရှန်ကြည့်လိုက်သောအခါ ငယ်ရွယ်ပုံပေါက်သည့် ဂနာမငြိမ်သောလူငယ်အား တွေ့လိုက်သည်မှာ အံ့ဩသွားသည်။

"ဘာဖြစ်တာလဲ။ ကျွန်မ့ကို မမှတ်မိ့ဘူးလား။ ကျင်ရှီလေ"

ရှုရှီယန် သူမ၏နှုတ်ခမ်းများအား နွေးထွေးအပြုံးတစ်ခုအသွင် ကွေးညွတ်လိုက်သည်။ ဟွာယိုရှန်နှင့် အလွန်ပင်ရင်းနှီးနေသောအပြုံးတစ်ခုပင်၊ သို့သော် သူမနှင့်ပက်သက်သည့်အရာအားလုံး ကွဲပြားခြားနားနေသည်။ ဟွာယိုရှန် သူမအား စိတ်ဝင်စားသ်ချင်စွာပင် ခေါင်းစခြေဆုံးကြည့်လိုက်သည်။ငွေရောင်ဆံပင်အတိုအတုနှင့် သူမ၏နားများတွင် ငွေရောင်နားကပ်ငုတ်တိုလေးများ ဝတ်ဆင်ထားပေသည်။ မိတ်ကပ်ပုံစံအသစ်နှင့် သူမသည် ခန့်ညားကာ စမတ်ကျနေသည်။ လုံးဝပင် ယောင်္ကျားလေးတစ်ယောက်ပုံစံ သူမ ရုပ်ဖျက်ထားသည်။ သူမကို သူ မည်သို့ပင် မှတ်မိနိုင်ပေမည်နည်း။

"ကိုယ့်ကို လန့်သွားအောင်လုပ်လိုက်တာဘဲ။ မင်းကိုယ်မင်း ယောင်္ကျားလေးတစ်ယောက်အနေနဲ့ ရုပ်ဖျက်မယ်လို့ ကိုယ်တစ်ခါမှမတွေးထားဘူး။"

ယောင်္ကျားလေးတစ်ယောက်အနေဖြင့် သူမဝတ်စားထားသည့်ပုံအား အံ့အားသင့်စွာ ဟွာယိုရှန် ချီးကျူးလိုက်သည်။ ခန့်ညားချောမောကာ မိမိုက်နေသည်။ သူမနှင့်မလိုက်ဖက် ကြည့်ရဆိုးနေသည့် အရာတစ်ခုမျှပင်မရှိပေ။

"ဟ.ဟ" ရှုရှီယန် ရယ်လိုက်သည်။

"ကျွန်မရဲ့ ရုပ်ဖျက်ထားမှုက ရှင့်ကို ဒုက္ခတွေ အများကြီးကနေကယ်ပေးမှာလေ၊ ဘယ်လိုလဲ၊ မထင်ဘူးလား။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now