အပိုင်း (၁၃၀) စတီးကဲ့သို့ မောကျောခိုင်ခံမှု။

567 33 2
                                    

unicode

"ကိုယ်တောင်းပန်ပါတယ်။ အဲ့လောက်ကြီး မမေးသင့်ဘူး။"

"ကျွန်မ အဆင်ပြေပါတယ်။"

ရှုရှီယန် ပြုံးကာပြောလိုက်သည်။ သူမ၏နှလုံးသားသည် စတီးကဲ့သို့ မာကျောခိုင်ခံနေကာ အလွန်တကူ မနာကျင်တော့ပေ။ သူမ၏အမေအား ရှုဂျင်ရှန်သည် အရှက်ရစရာတစ်ခုဟူသောအကြောင်းအား သူမ တွေးလိုက်မိချိန် ထိုလူအ၏ဘဝအား စောက်ထိုးမိုးမျှော်ဖြစ်အောင် သူမ လုပ်ပေမည်။ ရှုရှီယန်၏အကြောင်းများအား ပို၍ပို၍ သိရှိရသည့်အတွက် ဝမ်းသာနေသည်။

"မင်းရဲ့အမေက ကျင်ရူရွယ်ဆို မင်းရဲ့အဖိုးက ပေကျင်းမှာရှိတဲ့ နာမည်ကြီးတရုတ်တိုင်းရင်းဆေးမိသားစုပေါ့၊ အဲ့ဒီ့လိုမဟုတ်လား။ ကျင်မိသားစုလေ။"

"အင်း၊ ဟုတ်တယ်။" ရှုရှီယန် ပြုံးကာပြောလိုက်သည်။

"ကျွန်မရဲ့အဖိုးက တော်တဲ့တရုတ်ဆရာဝန်တစ်ယောက်၊ နာမည်ဟ ကျင်ဟာဒုန်။ လူတွေက အဖိုးကို တရုတ်ဆေးပညာနတ်ဘုရားဝင်စားတဲ့သူလို့ ခေါ်နေကြတာ။"

"အား......၊ အဖိုးအကြောင်း ကြားဖူးတယ်။ အမေက တစ်ခုခုနေမကောင်းရင် အဖိုးဆီသွားနေကျလေ။ အဖိုးက တစ်ခုခုတော့ တစ်ခုခုဘဲ။"

ဟွာယိုရှန် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ ရှုရှီယန် ထိုသို့သော နာမည်ကြီးသည့်မိသားစုမှ ဆင်းသက်လာမည်ဟု ဟွာယိုရှန် မထင်ထားပေ။ နှစ်ယောက်စလုံးစကားပြောလျှက်လျှောက်လာကာ အရှေ့ဂိတ်ပေါက်သို့ ရောက်လာကြသည်။ ဟွာယိုရှန် သူမအား စတူဒီယိုသို့လိုက်ပို့ပေးရန် သူ၏ဒရိုင်ဘာအား ပြောလိုက်သည်။ ရှုရှီယန် စတူဒီယိုသို့ရောက်သည့်အခါ ဖန်ရှောင်ချန်အား ဖုန်းဆက်လိုက်ပြီး နောက်ခနကြာ ယင်ဘာအိုအား ခေါ်၍ သူမအား လာတွေ့ရန် ပြောလိုက်သည်။ ရာရွယ်အဖြစ် အခန်း၃ခန်းရိုက်ပြီးနောက် ရှုရှီယန် အစောပြန်ခွင့်တောင်းကာ ပြန်လိုက်သည်။ ဖန်ရှောင်ချန်အား ဆက်သွယ်လိုက်ပြီးနောက် ထရပ်ကားအသေး ရပ်ထားသည်ကို မြင်လိုက်သည်။ ထရပ်ကားထဲသို့ သူမ ဝင်ထိုင်လိုက်သည်နှင့် ချစ်စရာကလေးမလေးသည် သူမအား နှုဆ်ဆက်လေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now