အပိုင်း(၁၂) မသိဘူး။

1.5K 126 0
                                    

unicode

“ယင်ဘာအိုကို မွေးလိုက်ရလို့ ငါဘယ်တော့မှ နောင်တမရဘူး  လိမ္မော်သီး ။ ယင်ဘာအိုက ငါ့ရဲ့အရာရာ ၊ ငါ့ရဲ့ဘဝဘဲ။”

ရှုရှီယန် သမီးဖြစ်သူအားဖက်ကာ နဖူးအားနမ်းလိုက်သည် ။ နိုင်ငံခြားရောက်သော ငါးနှစ်ကာလတွင် ကလေးထိန်းခြင်းဖြင့် လေးနှစ်သောအချိန်အား ကုန်ဆုံးခဲ့သည် ။ ထိုတစ်ချိန်ထဲမှာပင် သူမ၏ပညာရေးအား ဆုံးခန်းတိုင်အောင် ကြိုးစားသည် ။ ထိုကာလများသည် သူမအတွက် အလွန်ခက်ခဲကြပ်တည်း‌သော ကာလများပင် ဖြစ်သည် ။ သို့သော် သူမ စိတ်မပင်ပန်းရပေ ၊ အလွန်ပျော်ရွှင်ခဲ့ရသည် ။ အမှန်ပင် အချိန်အား အဖိုးတန်စွာ အသုံးချခဲ့ခြင်းသာ ဖြစ်သည် ။

“ယင်ဘာအိုရဲ့ အဖေကကော ဘယ်သူလဲ။”

ဖန်ရှောင်ချန် ဤအကြောင်းအရာအား ပို၍စိုးရိမ်နေသည် ။ လွန်ခဲ့သောငါးနှစ်မှ ဖြစ်ရပ်တစ်ခုအား သူမ မှတ်မိ‌နေဆဲပင် ။  ထိုညပြီးနောက်တွင် ရှုရှီယန် နှင့် နဖူးပြောင်ပြောင် ၊ အဆီရွှဲရွှဲ အဖိုးကြီးတစ်ယောက်သတင်းသည်အတိုင်းအဆမရှိ ပျံနှံသွားခဲ့ခြင်းပေ ။

ဒီကလေးက အဲ့အဖိုးကြီးရဲ့ကလေးတော့ မဖြစ်တန် ကောင်းပါရဲ့ ။

“အာ....ငါ မသိဘူး။”

ရှုရှီယန် နေရခက်နေသဖြင့် ဖန်ရှောင်ချန်အား ရယ်ပြလိုက်သည် ။

“....”
ဖန်ရှောင်ချန် ပြောစရာစကားပင် ပျောက်သွားသည် ။ ထိုအကြောင်းကိစ္စများအား ချုံစဉ်းစားကြည့်လေလေ ပို ပိုပြီး ကြောက်ဖို့ကောင်းလေလေပင် ။

ကလေးက တကယ် ဟိုအဖိုးကြီးကလေးများလား ။

လွန်ခဲ့သောငါးနှစ် ရှုရှီယန် နိုင်ငံခြားသို့ရောက်ပြီး   မကြာခင်အချိန်မှာပင် သူမတွင် ကိုယ်ဝန်ရှိကြောင်းသိခဲ့ရသည် ။ ကလေး၏အဖေသည် ထိုညမှ သူစိမ်းလူတစ်ယောက်ပင် ဖြစ်သည် ။သို့သော် ကံမကောင်းစွာပင် ထိုလူ၏အမည် ၊ နေရပ်လိပ်စာ ၊ အလုပ်အကိုင် မည်သည်မျှ မမေးခဲ့မိခြင်းပေ ။ အကယ်၍ မေးခဲ့မိလျှင် သူမ ယခုချိန်တွင် သမီးဖြစ်သူအတွက် အထောက်အပံ့တစ်ခုခု အကူအညီတောင်းနိုင်ပေလိမ့်အုံးမည် ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now