အပိုင်း (၇၉) ဖြေးဖြေးချင်း လုပ်ရမှာ။

845 42 0
                                    

unicode ver-

ဟွာယိုရှန်၏ အတွေ့အကြုံရထားသည့် အမှတ်များသည်  ဒုတိယအဆင့် ရီရယ်ကျီကွီ၏အမှတ် နှစ်ဆနီးပါးပင်ရှိသည်။ ရီရယ်ကျီကွီသာ ဤအခြေအနေမှစ၍ မအိပ်မနေမစားမသောက် နေ့စဉ်ရက်ဆက် ဂိမ်းဆော့ပါမူ ဟွာယိုရှန်၏အမှတ်များအား ကျော်နိုင်ရန်မဖြစ်နိုင်ပေ။

ဟွာယိုရှန်တို့နှစ်ယောက်သည် ဂိမ်းထဲတွင် ရန်သူများအား လိုက်လံရှင်းလင်းကာ ပျော်ရွှင်နေကြသည်။ ခင်ပွန်းနှင့်ဇနီးအဖွဲ့သည် လွတ်လွတ်လပ်လပ် အရဲစွန့်တိုက်ခိုက်နေကာ ထိုဂိမ်းကမ္ဘာထဲတွင် မရပ်မနားပင် တိုက်ခိုက်နေကြသည်။ ဟွာယိုရှန်၏ရင်ထဲတွင် ခိုင်မာသောခံစားချက်များနှင့် ပြည့်နေသည်။ သူ၏လက်တွေ့အပြင်ဘဝတွင် ခြေထောက်နှစ်ချောင်း ဖြစ်နိုင်သမျှ မြန်မြန်ပြန်ကောင်း၊ ပြန်ရပ်နိုင်ရန် မျော်လင့်နေသည်။ ရှုရှီယန်၏ဘေးတွင် ရပ်နေကာ သူမအား အပြင်ကမ္ဘာရှိ အတားအဆီး၊ အခက်အခဲ၊ ဒုက္ခများထဲမှ ကာကွယ်ပေးချင်သည်။

ဂိမ်းတစ်ဖြတ်မျှသာ သူတို့ကစားခဲ့သော်လည်း ဟွာယိုရှန် ရပ်ပြီး သူမအား အနားယူစေရန် ဆုံးဖြတ်လိုက်သည်။

"နောက်တောင်ကျနေပြီ။ မင်း စောစော အနားယူသင့်တယ်။ မနက်ဖြန်မှ ကိုယ်တို့ ကစားလို့ရတယ်လေ။"

"အိုကေ။ ကျွန်မလည်း ပင်ပန်းနေပြီ"

ရှုရှီယန် မတ်တပ်ရပ်ကာ ကွန်ပျုတာနှင့် ဂိမ်းခလုတ်များအား အဝေးသို့ပို့လိုက်သည်။ သူမ လှည့်လာချိန်တွင် ဟွာယိုရှန် သူမအား တစ်ခုခု ကမ်းပေးလိုက်သည်။

"ဒါက ဘာလဲ"

"ကိုယ့်ရဲ့အိမ်သော့။ အဲ့တာမှ မင်းဘာသာ အိမ်ကိုလာပြီး သော့ဖွင့်ဝင်လို့ရမှာ‌လေ။ ကျေးဇူးပြုပြီး ယူလိုက်ပါ။"

ဟွာယိုရှန် အိမ်သော့အားကမ်းပေးလိုက်သည်။ နောက်တစ်ကြိမ် သူမ လာချင်သည့်အခါတွင် တံခါးဖွင့်ရန် သူအား ထပ်စောင့်ဆိုင်းနေစရာ မလိုတော့ပေ။

"အိုး"

ရှုရှီယန် ဘာမှမပြောကာ သော့အားယူလိုက်သည်။ သူ၏အိမ်သော့အား ရှိနေလျှင် အဆင်ပြေပေလိမ့်မည်။ ရှေ့လျှောက် တံခါးခေါင်းလောင်းအား သူမ တီးစရာမလိုတော့ပေ။ ထို့အပြင် သူမအား ဟွာယိုရှန် တံခါးအလောတကြီးလာဖွင့်ပေး၍ ရေကရား ထပ်မှောက်ကျစရာမလိုတော့ပေ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now