အပိုင်း (၁၄၀) ရှင့်ရဲ့ ခန္ဓာကိုယ် တစ်လက်မမှမကျန် ကျွန်မမြင်ဘူးတယ်။

1.1K 52 3
                                    

UNICODE

ဟွာယိုရှန် ရှုရှီယန်အားတွေ့တိုင်းပင် မဟုတ်သည့်အတွေးများအား သူ တွေးမိနေသည်။ သူမ၏ရှေ့တွင် ရင့်ကျက်တည်ငြိမ်အေးဆေးမှုအား ပျောက်သွားမည်ကို သူစိုးရိမ်နေသည်။

" ဒါပေမယ့် ဘာလဲ။" ရှုရှီယန် လက်ပိုက်ထားကာမေးလိုက်သည်။

"လာပါ၊ ရှင့်ရဲ့ ခန္ဓာကိုယ် တစ်လက်မမှမကျန် ကျွန်မ မြင်ဖူးပါတယ်၊ ရှင်က ဘာတွေရှက်နေတာလဲ။"

"....."

ဟမ်၊ ဒီစကားက သူပြောရမယ့်အစား ငါပြောသင့်တာမဟုတ်ဘူးလားဟေ။

ဟွာယိုရှန်၏မျက်နှာသည် နီရဲတွတ်လာကာ သူ၏အပူချိန်သည်လည်း မြင့်လာသည်။

"လာပါ၊ ရှင်ကအခု လူနာလေ၊ ကျွန်မက ဆရာဝန်။ ရှင် ဆရာဝန်ရဲ့စကားကို နားထောင်သင့်တယ်နော်၊ သိတယ်မို့လား။"

ရှုရှီယန် လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးပြုံးလိုက်ကာ တဘက်နှင့် သူ၏ခန္ဓာကိုယ်အား သုတ်ရာတွင် ကူညီလိုက်သည်။ တခနတာကြာပြီးနောက် ရှုရှီယန် အံ့အားသင့်၍ နေရခက်စွာ အော်ပြောလိုက်သည်။ ဟွာယိုရှန်၏ခြေထောက်များကြားအား သူမ စိုက်ကြည့်နေသည်။

"ခန၊ ရှင်... ရှင်..... ကျွန်မ ထင်တာ...."

ရှုရှီယန် စကားအထစ်ထစ်နှင့် ပြောနေသည် ။

"ရှင် ဒီဟာကို ထပ်ပြီး မလုပ်နိုင်ဘူးလို့ ကျွန်မ ထင်တာ။"

ဟွာယိုရှန်နှင့် လိင်ပိုင်းဆိုင်ရာမစွမ်းဆောင်နိုင်မှုသတင်းသည် ပျံ့နှံ့နေသည်၊ ထို့အပြင် ဆရာဝန်သည်လည်း ထိုအတိုင်းပင် အတည်ပြုခဲ့သည်။

အဲ့တာတောင်....... အခု ငါကြည့်နေတာကရော ဘာကြီးလဲဟ။

ငါ့ရဲ့မျက်လုံးတွေက လုံးဝကို သာမာန်ပါဘဲနော်...

ဟွာယိုရှန် သူ၏လျှို့ဝှက်ချက်အား တစ်ယောက်ယောက် ရှာ တွေ့သွားသကဲ့သို့ ခံစားမိကာ နေရအလွန်နေရခက်နေသည်။ သူ့ကိုယ်သူ အမြန်ပင် စောင်နှင့် လွှမ်းခြုံကာလိုက်ပြီးနောက် ပြောလိုက်သည်။

"မပြောခဲ့ဘူးလား ရပ်ပါတော့ဆိုတာ......"

"ကျွန်မ ရှင့်ကို ဂုဏ်ပြုပေးသင့်တာမဟုတ်ဘူလား၊ မစ္စတာဟွာ။ ရှင့်ရဲ့ ခန္ဓာကိုယ်က ပြန်ကောင်းလာနေပြီလေ၊ အဲ့တာ ဝမ်းသာစရာတစ်ခုဘဲ။"

You've reached the end of published parts.

⏰ Last updated: May 14, 2023 ⏰

Add this story to your Library to get notified about new parts!

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now