အပိုင်း(၅၆) ချက်ချင်းကို ကြီးမာလှတဲ့ သတင်းတစ်ပုဒ်ဖြစ်သွားတာပဲ။

854 64 0
                                    

ဝိုး။ ငါ့ဇနီးလေးရဲ့ ဂရုစိုက်ခြင်းကိုခံရတာ တကယ်ကို ခံစားလို့ကောင်းတာဘဲ။ နွေးထွေးပြီး.....

တံခါးပွင့်သွားကာ ဗန်ကားထဲသို့ ဟွာယိုရှန်၏ဝှီးချဲအားတွန်းကာ ပို့လိုက်သည်။ ဝှီးချဲနေရာတကျ သေချာဖြစ်သွားသည့်နောက် ဗန်ကားသည် ဆေးရုံမှ တဖြေးဖြေးဝေးကွာစွာ ထွက်ခွာသွားသည်။ သူမ ဗမ်ကားထဲမှ ဆိုဖာပေါ်တွင်ထိုင်နေကာ အဝတ်အစားများနှင့် ဆံပင်ပေါ်မှ မိုးရေစက်များခါနေသည်။ သူမ၏ရှပ်အင်္ကျီနှင့် ဖုံးထားသော သူမ၏ အိတ်အား ဆွဲထုတ်ပြီးနောက် ဟွာယိုရှန်အားပြုံးပြလိုက်သည်။

"မစ္စတာဟွာ။ ဒီနေ့အတွက် လေ့ကျင့်ခန်းလုပ်တာပြီးသွားပြီလား။"

"အင်း"

ရှုရှီယန်အား တယုတယကြည့်နေစဉ် သူ၏ နက်ရှိုင်းသောသဘောထားအား သိရှိစေရန်အလို့ငုာ အေးစက်နက်မှောင်သော မျက်လုံးတစ်စုံ ဟွာယိုရှန်တွင်ပေါ်လာခဲ့သည်။

သူမ၏မျက်နှာတွင် မိုးစက်မိုးပေါက်များတွယ်ကပ်နေသည့်ပုံသည် မနက်ခင်းတွင် ပွင့်သစ်စ ကြာပန်းလေးနှင့် တူလှပေသည်။ သူ၏ရှေ့တွင်ရှိသော မြင်ကွင်းသည် လန်းဆန်းသန့်ရှင်းကာ တခြားသောသူတွေပင် အကြည့်မလွှဲနိုင်လောက်သည်အထိ လှပပေသည်။

ရှုရှီယန်၏ခေါင်း အပေါ်မော့လိုက်သည့်အချိန်တွင် ဟွာယိုရှန် ရှက်သောကြောင့် အလျင်အမြန်ပင် လှည့်လိုက်သည်။

"အခု ကိုယ့်အတွက် စိုးရိမ်နေတာလား။" ဟွာယိုရှန်မေးလိုက်သည်။

"သိတယ်မို့လား။ ကိုယ့်အကြောင်း‌ တခြားသူတွေပြောနေတာကို စိတ်ထဲထားဖို့ မလိုပါဘူး။ "

သူ၏အကြောင်းအား အခြားသူများပြောနေသည်ကိုသာ စိတ်ထဲတွင်ထည့်ထားလျှင် သူရရှိခဲ့သော အတင်းများကြောင့် သေနေသည်မှာ ကြာနေလေပြီ။

ရှုရှီယန် ပြုံးကာရှင်းပြလိုက်သည်။

"မစ္စတာဟွာ ထင်သလိုမဟုတ်ပါဘူး။ ဘာမှအကျိုးမရှိတဲ့သူတွေက ရှင့်အကြောင်း အတင်းတုပ်မကောင်းပြောနေတာကို နားကြားမျင်းကပ်လာလို့ပါ။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now