အပိုင်း (၇၈) ကျေးဇူးပြုပြီး ငါ့ကို မင်းရဲ့အလုပ်သင်လေးအဖြစ် ခေါ်လိုက်ပါ။

734 44 0
                                    

unicode ver -

ဟွာယိုရှန် သူပြောလိုက်သည့်စကားသည် တစ်မျိုးတစ်မည်အသံပေါက်သွား၍ အမြန်ပင် ရှင်းပြလိုက်ရသည်။

"အာ....။ ကိုယ်ပြောတာက ဂိမ်းထဲက ယောင်္ကျားကိုပြောတာ။"

"အိုး။ နားလည်ပြီ။ အဲ့တာဆို ကျွန်မတို့ လေးယောက်တစ်စုလုပ်လို့ရပြီပေါ့။" ရှုရှီယန်ပြုံးလိုက်သည်။

"လုပ်ကြတာပေါ့။"

ဟွာယိုရှန် ခြေထောက်နှစ်ချောင်းချိတ်ကာ ကွန်ပျူတာမျက်နှာပြင်အား ကြည့်လျက်ဖြေလိုက်သည်။

"မင်း ဘယ်မှာလဲ" ဟွာယိုရှန်မေးလိုက်သည်။

"ကိုယ်လာရှာမယ်"

"ကျွန်မက မြို့တော်ထဲက မက်ပိုင်းတံတားမှာ"

"ဟုတ်ပြီ။ ဟုတ်ပြီ"

ဟွာယိုရှန် သူ၏ဇာတ်ကောင်သည် ဆင့်ခေါ်ထားသော သားရဲအကောင်အားစီးကာ မြို့တော်ထဲသို့ ပျံသွားလိုက်သည်။ မက်ပိုင်းတံတားတွင် ဆင်းသက်လိုက်သည်။

"ကိုယ် ဒီမှာရောက်ပြီ။"

အဖြူရောင်ဝတ်ရုံရှည်ဝတ်ထားသောနတ်တစ်ပါး တံတားပေါ်သို့ဆင်းသက်လိုက်ချိန်တွင် ရှုရှီယန်၏ဇာတ်ကောင်သည် တံတား‌ပေါ်တွင်ရပ်နေသည်။

ဟေး။ အဲ့တာ ငါ့မိန်းမ ယွန်ချင်မဟုတ်ဘူးလား။

"အိုး။ ကျွန်မရဲ့ မိန်းမလည်း ဒီမှာဘဲ။ ရှင်က ဘယ်မှာလဲ။ ကျွန်မ မတွေ့ဘူး။ ကျွန်မရဲ့အကောင့်နာမည်က ဂုန်ဇီရာရီ၊ ကျွန်မကို တွေ့လား။ ရှင့် နာမည်ကကော"

ဘာ။ သူရဲ့အကောင့်နာမည်က ဂုန်ဇီရာရီလို့ ပြောလိုက်တာလား။

ဟွာယိုရှန်၏နှလုံစခုန်သံ တစ်ချက်ခုန်ကျော်သွားကာ သူ၏ခေါင်းအား အမြန်မော့ကြည့်လိုက်သည်။

"ကိုယ်..ကိုယ့်နာမည်က ယွန်ချင်.."

"ဟမ်"

ရှုရှီယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူမ၏ပါးစပ်သည် ကြက်ဥတစ်လုံးဝင်နိုင်လောက်သည့်အရွယ်အထိပင်ပင် ဟနေသည်။ သူမ၏ဂိမ်းထဲမှဇနီးသည် ဟွာယိုရှန်ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now