အပိုင်း (၈၁) သူ့ဘဝမှာ ယောင်္ကျား‌တစ်ယောက်ရဖို့အတွက်ကံမပါဘူး။

720 46 0
                                    

unicode

ရှုရှီယန် အဝတ်များကို ဘေးသို့တွန်းပို့လိုက်ကာ အပြင်သို့ ထွက်မည်ပြုနေသည်။ သို့သော် တံခါးနောက်မှ ဟွာဆန်ယန်၏အသံကြားလိုက်ရသည့်အခါ သူမရပ်လိုက်သည်။

"မောင်လေး၊ အထဲမှာ ဘာလုပ်နေတာလဲ။"

ဟွာယိုရှန် အမဖြစ်သူ၏အသံကြားလိုက်၍  ရှုရှီယန်အားရှာမည်ကို တခန ရပ်ထားရပေမည်။ သူ၏ အရှုပ်သမားအမနှင့်အရင် ရှင်းလင်းဆက်ဆံရအုန်းပေမည်။

"ဘာမှမဟုတ်ဘူး။ ဝတ်ဖို့ တစ်ခုခုလာရှာတာ။"

အခန်းထဲမှမထွက်သွားခင် သူ၏အဝတ်ဗီရိုထဲမှ အဝတ်တစ်ထည်အား အလောတကြီးဆွဲထုတ်လိုက်ကာ ပေါင်ပေါ်တင်လိုက်သည်။ ဟွာဆန်ယန် သူအား မျက်လုံးပြူးကြီးများဖြင့် စူးစိုက်ကြည့်နေကာ သူ၏ပေါင်ပေါ်မှ အဝတ်အားလက်ညှိးထိုးလိုက်သည်။

"ဘာကိစ္စ ဒီလောက်နောက်ကျနေတဲ့အချိန်ကြီးမှာ ညစာစားပွဲဂျက်ကပ်ကို ရှာနေတာလဲ။ အပြင်သွာမလို့လား။"

"...."

သူ ယူခဲ့သည့်အရာ မည်သည့်မှန်းမသိနိုင်အောင်ပင် အရမ်းပျာယာခတ်နေခဲ့သည် ။

"မနက်ဖြန်အတွက်"

ဟွာယိုရှန် မပြုံးနေသည့်အချိန်တွင် သူ၏ အကြည့်ထဲရှိ ဩဇာတိက္ကမမှ ကျောချမ်းဖွယ်ရာလေထုတစ်ခု ထုတ်လေ့ရှိသည်။ သူ၏မျက်နှာသည် မာကြော၍ ဓားသွားတစ်ခုကဲ့သို့ ချွန်ထက်သွားကာ မျက်လုံးသည် အအေးဓာတ်တစ်မျိုးကို တိုးပွားထုတ်လွှင့်စေသည်။

ဟွာဆန်ယန်၏နှလုံး တစ်ချက်နှင့် တစ်ချက်ကျော်ခုန်သွားသည်။

F*ck

မောင်ဖြစ်သူ၏အိမ်အား ဖိတ်ကြားထားခြင်းမရှိ အတင်းဝင်ရောက်ကာ သူ၏ကိုယ်ပိုင်နေရာအား ဝင်ရောက်ကျူးကျော်ခြင်းဖြင့် စိတ်ဆိုးအောင်လုပ်မိပြီဟု သူမ ထင်လိုက်မိသည်။

ဒါပေမယ့် အခု သူ ဘယ်လို ပြန်ဆုတ်လို့ရတော့မှာလဲ။

သူ၏အိမ်မာအား ဝင်ရောက်နိုင်မည့်အခွင့်အရေးသည် အလွန်ရှားပါးကာ သတင်းပေးစရာမည်မျှမပါဘဲနဲ့ သူမ ပြန်မထွက်နိုင်ပေ။ လူတိုင်းသည် သူမအား သတင်းကောင်းတသ်ခုသယ်လာရန် စောင့်မျှော်နေကြသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now