အပိုင်း (၁၂၉) သူမနဲ့ပက်သက်သမျှအားလုံး သူ ရှာတွေ့သွားပြီ။

393 28 1
                                    

unicode

အမျိုးသမီးများ ဖြစ်နိုင်ချေများအပေါ် တုန်လှုပ်နေကြသည်။

မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး....

သူတို့၏ချစ်လှစွာသောသား၊ ချစ်လှစွာသောမောင်အငယ်လေး၏ လိင်စိတ်တိမ်းညွှတ်မှုနှင့်ပက်သက်၍ ပြဿနာတစိခုရှိလျှင် ဟွာမိသားစုအမွေ ကံဆိုးမှုဖြစ်သွား ပေလိမ့်မည်။ စနေ၊ တနင်္ဂနွေပိတ်ရက်များအတွက် ကျန်နေခဲ့ရန် သဘောတူလိုက်သည်။ ရှုရှင်းရိုအတွက် အခန်းအပိုများ ရိုက်မည်ဖြစ်သောကြောင့် နေ့လယ်ခင်းတွင် ရိုက်ကွင်းသို့သတင်းပို့ရန်ပြောသည့်အကြောင်း ရှုရှီယန် ဖုန်းခေါ်ဆိုမှုလက်ခံရရှိသည်။

"လာ၊ ရီရွှင်။ ငါ မင်းကို အပြင်ထိလိုက်ပို့ပေးမယ်။"

ထွက်ရန် ဟွာယိုရှန် သသ၏ဝှီးချဲအားလှည့်လိုက်သည်။ ဟွာယိုရှန်နောက် အမှီမလိုက်ခင် ကျန်ခဲ့သော အမျိုးသမီးစုအား ပြုံးကာ လက်ဝှေ့၍နှုတ်ဆက်ခဲ့သည်။ အပြင်သို့ထွက်သည့်လမ်းတွင် ရှုရှီယန် ဟွာယိုရှန်၏ဝှီးချဲအား ကူတွန်းပေး‌နေသည်။ ဟွာယိုရှန် သူမအား တိုးတိုးကပ်ပြောလိုက်သည်။

"တယောတီးတာမှာ မင်း အရမ်းတော်တာဘဲ။ ဘာလို့ ကိုယ့်ကို မပြောခဲ့တာလဲ။"

ရှုရှီယန် အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

"အင်း၊ ရှင်မှ မမေးဘဲကိုး။"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ"

ဟွာယိုရှန် ခေါင်းလှည့်ကာ သူမအား မော့ကြည့်၍မေးလိုက်သည်။

"အဲ့တာဆို ပြောပါအုန်း၊ ကိုယ်မသိ့ထားတဲ့ မင်းအကြောင်း ဘာများရှိသေးလဲ။"

ရှုရှီယန် တခနတာတွေးလိုက်သည်။ သူမသိသည့် အကြောင်းအရာတစ်ခုတည်းသည် ယင်ဘာအို သူ၏သမီးဖြစ်ကြောင်းပင် ဖြစ်မည့်ပုံပင်။ သို့သော် ယခု သူ့အား ထိုအကြောင်းပြောရမည့် အချိန်မှန် မဟုတ်သေးသည်မှာ လုံးဝပင်ဖြစ်သည်။ ထို့ကြောင့် သူမ ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်။

"ဘာမှမရှိ့ပါဘူး။ ကျွန်မနဲ့ပက်သက်သမျှ ရှင် အကုန် ရှာတွေ့ပြီး သိ့ထားတာဘဲ။ ဘယ်လိုလုပ်ပြီး ကျွန်မ့မှာ ထပ်ပြီးလျို့ဝှက်ချက်တွေရှိ့မှာလဲ။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now