အပိုင်း (၁၃၄) သူရဲ့ နှလုံးသားထဲကနေ အဖြေကို သူသိလိုက်ပြီ။

313 19 0
                                    

unicode

ရှုရှီယန် တခနတာ စဉ်းစားလိုက်ပြီးနောက် ရေးလိုက်သည်။

[သူသိ့လား။ သူ့ကို ဝန်ခံပြီးသွားပြီလား။]

[ဝန်ခံဖို့ ကြောက်နေတာ၊ သူ သိမယ်လို့တော့ မထင်ဘူး။]
ဝင်းရေးလိုက်သည်။

[သူက မသိ့ဘူး၊ သူ့မှာလည်း ချစ်သူရှိတယ်....။ တကယ်လို့ ကျွန်မ ရှင့်ကို လက်လျော့လိုက်ဖို့ပြောရင်ကော ရှင်ဘာလုပ်မလဲ။] ယင် ပြန်ပြောလိုက်သည်။

ရှုရှီယန် သူ့အား အဖြေမပေးလိုက်ပေ။ ထိုအစား တခြားမေးခွန်းတစ်ခုမေးလိုက်သည်။ အမှန်တွင် ဟွာယိုရှန် အဖြေအား သူ၏နှလုံးသားထဲတွင် သိနေသည်၊ သို့သော် တစ်စုံတစ်ယောက်အား ပြောရန် လိုအပ်သောကြောင့်ဖြစ်သည်။ ရှုရှီယန် ဆက်စောင့်လျက်ရှိသည်၊ သို့သော် စာပြန်ခြင်းမရှိလာပေ။ သူမ၏ဖုန်းအား ချလိုက်ကာ သက်ပြင်းချလိုက်သည်။ မသန်မစွမ်းဖြစ်သောသူတိုက်းသည် နက်သက်ကြွေလာသူများဟု သူမ ယုံကြည်သည်။ သို့သော် သူတို့သည်လည်း သာမန်လူများပင်ဖြစ်နေသေးသည်၊ သူတို့တွင်လည်း ချစ်ရန်၊ အချစ်ခံရန် အခွင့်အရေးများ ရှိပေသည်။။ သူတို့ မည်သူဖြစ်ခြင်းကြောင့် ဘယ်သူကမျှ အထင်အမြင်မသေးသင့်ပေ။

ဝင်းအား စကားပြောနေချိန် ဟွာယိုရှန်အား သူမ သတိရလိုက်သည်။ သူ၏ ဆွဲမက်ဖွယ်မျက်လုံး၊ အပြုံး၊ ပါးချိူင့်များအား တွေးလိုက်သည်။ ထိုအရာများအား သူမ တွေးနေချိန်တိုင်းတွင် ကောင်းမွန်နွေးထွေးသောကောင်းကင်တစ်ခုပေါ်တွင် စွန်တစ်ခုမျောနေသကဲ့သို့ သူမ ခံစားရသည်။

သူနဲ့ပက်သက်ပြီး ငါက ဘာလို့ ဒီလိုခံစားရတာလဲ။

သူတို့ မမြင်ရတဲ့အခါတိုင်း ငါ စိတ်ပူနေတာ။ တစ်ယောက်တည်း သူအထီးကျန်နေမှာကို ငါ စိုးရိမ်တာ....

ငါ သူ့ဘေးမှာ မရှိတဲ့အချိန် သူကကော ငါ့အကြောင်းများ တွေးနေမလား။

ရှုရှီယန်နှင့် ဟွာယိုရှန်တို့၏ကြားထဲတွင် နံရံတစ်ခုခြားရုံပင်ရှိသည်။ ဟွာယိုရှန်သည် အခန်း၁၀၁ရှိ အိပ်ယာပေါ်တွင်လဲလိုက်ကာ မျက်နှာသေဖြစ်နေသည်။ သူ အိပ်၍မရပေ။ တောင်းတနရသော ခံစားချက်သည် ခါးသောအဆိပ်တသ်ခွက်လိုပင်။ ထိုအရာသည် သူ့အား နေမကောင်းဖြစ်စေနိုင်သည်ဟု သိ့သည့်တိုင် ထိုအဆိပ်အား သူသောက်ချင်နေပေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now