အပိုင်း (၉၅) အရမ်း ဒေါသထွက်လွန်းလို့ အန်ချင်သလိုတောင်ဖြစ်လာတယ်။

724 51 1
                                    

unicode

"မသိဘူးလား။ ဒီနှစ်တွေအတွင်း မင်း အဝေးရောက်နေတုန်းက မင်းရဲ့အဖိုးနဲ့ အဖွား၊ မင်းရဲ့အဖေ၊ မင်းရဲ့အစ်မ... ငါတို့အကုန်လုံး မင်းအကြောင်း စဉ်းစားမိနေကြတာ။ မင်း အိမ်ပြန်လာမယ့်နေ့ကိုဘဲ ငါတို့စောင့်နေကြတာ။"

"ဟုတ်လား။ ကျွန်မအကြောင်းစဉ်းစားပြီး ကျွန်မအတွက် တွေးပေးတဲ့လူတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်မ ဘယ်လိုလုပ် မသိခဲ့ပါလိမ့်နော်။"

ဝက်များ ပျံနိုင်သည့်အချိန်မှပင် သူမ ဆူရူအီ၏စကားများအား ယုံပေလိမ့်မည်။ ဆူရူအီသည် သူမအား အိမ်ပြန်မလာ‌စေချင်ဆုံးလူတစ်ယောက်ဖြစ်ကာ ရှုရှင်းရိုသည်လည်း နောက်ထပ်လူတစ်ယောက်ဖြစ်ကြောင်း ရှုရှီယန် ကောင်းကောင်းသိနားလည်ပေသည်။ အမေဖြစ်သူနှင့် သမီးဖြစ်သူ နှစ်ယောက်စလုံးသည် ရှုရှီယန်အား ဖယ်ရှားရှင်းလင်းပစ်ရန် အမြဲစိတ်ကူးနေကြသည်။ ထို့မှသာ သူမတို့ ရှုမိသားစုအား အုပ်စိုးနိုင်ပေမည် မဟုတ်ပါလား။

"ဟုတ်တယ်၊ အမှန်ပြောနေတာ။ အကုန်လုံးက မင်းကို သတိရနေတာပါ။"

ရှုရှီယန်အား ခေါင်းစခြေဆုံး ဆူရူအီကြည့်လိုက်ကာ သူမ၏ပင်ကိုယ်စရိုက်တွင် ပြောင်းလဲမှုအကြီးတစ်ခုဖြစ်ကြောင်းနှင့် သူမသည် အရင်ကထက်ပင် ပို၍ လှလာကြောင်းကို ဆူရူအီ သတိထားမိလိုက်သည့်အတွက် စိတ်အတွင်းကြိတ်ကာ လှောင်နေသည်။

ဘယ်လိုလုပ်ပြီး သူက ပိုလှလာရတာလဲ။ အရင်ငါးနှစ်အတွင်း ဘာတွေများ စားနေခဲ့တာလဲ ။

ဆူရူအီသည် အလွန်လည်ကာ ပါးနပ်သည့်မိန်းမတစ်ယောက်ဖြစ်သည်။ ရှုရှီယန် ၏လက်ထဲမှ အိတ်အားမြင်လိုက်ချိန် သူမ၏မျက်လုံးများ တောက်ပသွားသည်။

"အိုး၊ ဒါ ဘာလေးလဲ။ ဒီအတိုင်း အိမ်ပြန်လာတယ်လို့ ထင်တာ။ လက်ဆောင်တွေ ဘာတွေ မလိုပါ...."

ရှုရှီယန်၏လက်ထဲမှအိတ်အား ရိုင်းပြစွာ ဆွဲယူလိုက်ကာ ဖွင့်လိုက်သည်။ နိုင်ငံခြားမှ မည့်သို့သောဈေးကြီးသည့် လက်ဆောင်များ ပါလာသနည်းဟု စိတ်ဖြင့် စပ်စုကြည့်လေသည်။ အိတ်ထဲသို့ကြည့်လိုက်ချိန် သူမ စိတ်ပျက်သွားသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now