အပိုင်း(၁၇) ဘုရားစီစဉ်ပေးတဲ့ 'ဆက်ပရိုက်(စ်)'။

1.3K 125 1
                                    

ရှုရှီယန် သိုသိုသိပ်သိပ်ပင် ဖုန်းတွင်အသံသွင်းထားခြင်းအား ပိတ်လိုက်သည် ။ ထို့နောက် နူးညံ့ကာ ရှက်သွေးကြွယ်နေသော မိန်းကလေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်လိုက်သည် ။ ချုယုဟီ၏ ရင်ဘတ်အား သူမ၏ လက် ချောင်းများနှင့် တမင်ပင် ကစားနေလိုက်သည် ။

“ယုဟီ ငါတို့ကွဲနေတာ ကြာလှပြီ ။ ငါ နင့်ကို တကယ့်ကို လွမ်းနေတာ နင်ကရောဟင်။”

“ယန်ယန် ငါ....”

သူမ၏ မျက်လုံးများနှင့် ညို့ယူနေသည် ။
သူမ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှပေသည်။

ယခု ချုယုဟီပုံစံသည် နှာခေါင်းသွေးထွက်တော့မည့်ပုံပင် ။

“ငါကိုလိုချင်တာများ မြန်မြန်လာပြီး အကုန်ယူသွားပါလားလို့။”

ရှုရှီယန် အားပြင်းပြင်း နှိုးဆော်လိုက်သည် ။

“အိုး... အိုးး”

ချုယုဟီ အလွန်ပင် ပျော်ရွှင်သွားသည် ။ ရှုရှီယန်သည် သူ့အား ယခုအချိန်ထိပင် ချစ်နေမည် ၊ ယခုကဲ့သို့ ချက်ချင်း သူ့အားလမ်းဖောက်ပေးမည်ဟု မထင်ထားခဲ့ပေ ။ နောက်ပိုင်း ဘာဆက်ဖြစ်မည်ဟု ကြိုစဉ်းစားရုံနှင့်ပင် သူတကယ်ပင် စိတ်လှုပ်ရှားကာ ကျေနပ်အားရနေသည် ။

သူ၏ အပေါ်အင်္ကျီနှင့် ဘောင်းဘီအား လျှင်မြန်စွာ ချွတ်ချလိုက်သည် ။ သူ၏ဘောင်းဘီ ခြေထောက်သို့ကျသွားသည် နှင့် မထင်ထားသော ထိုးနှက်မှုများ သူ၏ မျက်လုံးပေါ်သို့ ကျရောက်လာကာ ရှောင်နိုင်ခွင့်ပင်မရှိပေ ။

ထို့နောက် အားပြင်းပြင်းနှင့် ရောက်လာသော ထိုးချက်တစ်ချက်သည် သူ့အား ယောင်ယမ်းနာကျင်ရုံသာမက ‌ သွေးများပင်ထွက်လာစေသည် ။

“အားးးးးးးး”

ချုယုဟီ ပုန်းခိုရှောင်ပြေးချင်နေသည် ။ သို့သော် သူ၏ခြေထောက်သည် ဘောင်းဘီနှင့်ညှိနေကာ ကြမ်းပြင်ပေါ်သို့ ချော်လဲကျသွားတော့သည် ။

ထိုအချိန် ရှုရှီယန်၏ မျက်လုံးထဲတွင်တော့ အမှန်းတရားများအပြည့်နှင့်ပင် ။ စားပွဲပေါ်မှ ဝိုင်ပုလင်းအားဆွဲယူကာ အောက်ခြေပိုင်းကို ခွဲလိုက်သည် ။ ထိုခွဲထားသော အောက်ခြေပိုင်းနှင့် ချုယုဟီ၏ တင်ပါးအား စူးအောင့်နာကျင်စေရန် အားနှင့်ထိုးလိုက်လေသည် ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now