အပိုင်း (၁၃၈) ဆဲလိုက်တယ်။

303 22 0
                                    

UNICODE

"နင်ပြောတာ မှန်တယ်။ ကျင်ရှီက လှတယ်လေ။" ကျောင်ရီချီပြောလိုက်သည်။

"သူက အနုပညာကောလိပ်ကလည်း မဟုတ်ဘူး၊ လူရွေးပွဲကိုလည်း အရွေးမခံခဲ့ဘူး၊ ဒါတောင် ဒီရိုက်ကွင်းထဲမှာ ပါလို့ရသေးတယ်။ ဘာမှတောင် ပြောစရာမရှိတော့ဘူး။"

"အတူတူဘဲ။ ဒီနေ့ခေတ်မှာ နင့်ဘေး သူဌေးကြီးကြီးတစ်ယောက်၊ စပွန်ဆာတစ်ယောက် ရှိနေသရွေ့ ဘာအရည်အချင်းမှ မလိုတော့ဘူး။"

ရှုရှီယန် သူတို့ ပြောနေသည့် အတင်းအဖျင်းများအားကြားလိုက်သော်လည်း လျစ်လျုရှုကာ သူမ၏ဇာတ်ညွှန်းအား ဆက်ဖတ်လိုက်သည်။ သူများ၏ပါးစပ်များအား သူ မထိန်းချုပ်နိုင်ပေ။ တခြားဖက်တွင်လည်း ထိုသူတို့နှင့် ပြိုင်ငြင်းခံလိုက်လျှင် မလုံမလဲဖြစါသည့်ပုံ ပေါက်နေပေလိမ့်မည်။

"ဟေး၊ ကျင်ရှီ၊ နင်က မစ္စတာဟွာနဲ့သိတယ်ဆိုတာ တကယ်လား။" ကျောင်ရီချီမေးလိုက်သည်။

ရှုရှီယန် ကျောင်ရီချီအား မည်သည့်စိတ်ခံစားချက်မရှိသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

" သူ့ကို မသိဘူး။"

"အဲ့တာဆို ဘာလို့ သူက နင့်ကို အရင်နေ့က ကူညီခဲ့တာလဲ။"

ကျောင်ရီချီ ရှုရှီယန်၏အလိမ်အညာအား မယုံပေ။

ထိုနေ့တွင် ဟွာယိုရှန်သည် ရှုရှီယန်အား ကူညီနေခဲ့ကြောင်း မည်သူမဆို မြင်ခဲ့သည်။ ရှုရှီယန် ဇာတ်ညွှန်းအား အောက်ချကာ မထီမဲ့မြင်သောအနေအထားဖြင့် ပြောလိုက်သည်။

"တကယ်လို့ နင်သာ မစ္စတာဟွာနဲ့သိရင် ဒီ ဘာမှမဟုတ်တဲ့ နန်းတွင်းအစေခံနေရာမှာ သရုပ်ဆောင်နေအုန်းမှာလား။"

"အင်း၊ ငါသာ နင့်နေရာမှာဆို အဓိကမင်းသမီးနေရာကို တောင်ရမှာ အသေအချာဘဲ။" ကျောင်ရီချီပြောလိုက်သည်။

"အဲ့တာဆိုလည်း၊ အဲ့တာ အဖြေဘဲလေ။"

ရှုရှီယန် ပြောပြီးနောက် သူမ၏ဇာတ်ညွှန်းဘက်သို့ ပြန်လှည့်လိုက်သည်။

သူပြောတာမှန်တာဘဲ။ သူသာ တကယ်လို့ မစ္စတာဟွာနဲ့သိရင် ဒီအစေခံထက်ပိုကောင်းတဲ့နေရာကို သူရောက်မှာပေါ့။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now