အပိုင်း (၈၇) သူဌေး အလည်လာတယ်။

703 52 0
                                    

Unicode

ရှုရှီယန် မနေနိုင်၍ သိချင်စိတ်များစွာ လျှောက်ကြည့်လိုက်သည်။

ဘာလို့ လူတိုင်းက စိတ်လှုပ်ရှားနေတာလဲ။

သို့သော် သူမ၏လည်ပင်အား ဆန့်၍ အကြာကြီးလျှောက်ကြည့်ရန် မလိုပေ။ ရိုက်ကွင်းတွင်ရှိသော အမျိုးသမီးများ၏ စကားဝိုင်းအား မတော်မဆကြားမိလိုက်ကာ မည်သူလာကြောင်းသိလိုက်ပေသည်။

"အယ်ဗစ် ရောက်နေတာ။"

"ဘုရားရေ။ တကယ်ကြီးလား။ အဲ့ဒါ ယွန်ဟိုင်းအုပ်စုရဲ့ ဥဣဌ ဟွာယိုရှန်မလား။ ဘာလို့ ဒီမှာရောက်နေတာလဲ။"

"မသိ့ဘူးလား။ ဒီ ဇာတ်ကားက ယွန်ဟိုင်းနဲ့ ဂျု့ရှင်တို့ ပူးတွဲရင်ူနှီးမြုပ်နှံမှုလေ။ ဒါ့အပြင် ချီလီယာကလည်း ယွန်ဟိုင်းအုက်စုကဘဲ။ မစ္စတာဟွာက ရင်ူနှီးမြုပ်နှံသူကော၊ သူဌေးကောဘဲလေ၊ အဲ့ကြောင့် သူဒီကို လည်ပြီး ဝင်ကြည့်တာ သာမာန်ပါဘဲ။"

"ချီလီယာဆီ လာလည်တာများလား။"

"မေးဖို့လိုသေးလို့လား။ ဟုတ်နေတာဘဲကို။"

"ဒါပေမယ့် ဟွာယိုရှန်က လူကြားထဲထွက်ပြတာ ရှားတယ်လို့ကြားတာဘဲ။ ဘာလို့ ဒီနေ့ လာဖို့ လုပ်တာလဲ။"

"ဘယ်သူသိမှာလဲ။ ငါသိတာကတော့ ချောလှတဲ့ မင်းသားလေးကို လူပိကယ်တိုင်တွေ့ရလို့ အတော်ကံကောင်းနေပြီဘဲ။"

.......

အနုပညာလောကမှ ထူးခြားဆန်းကြယ်လှသည့် ဤအမျိုးသားအား တွေ့ရန် အလွန်ရှားပါးသောကြောင့် လူတိုင်း အလွန်စိတ်လှုပ်ရှားနေကြသည်။ ဟွာယိုရှန်ဝှီးချဲပေါ်တွင်ထိုင်နေသောကြောင့် သူ၏အနားတွင်ဝန်းရံနေသောလူများထက်ပင် ပိုပုသယောင်ဖြစ်နေသည်။ လူအုပ်သည် သူ့အား ဝင်ရန်လမ်းရှင်းပေးလိုက်သည့်အခါမှသာ ရှုရှီယန် ဟွာယိုရှန်အား မြင်နိုင်ပေသည်။ သက်သောင့်သက်သာအနေအထားဖြင့် ဝှီးချဲပေါ်တွင်ထိုင်နေသည်။ သူ၏ခံညားလှသောမျက်နှာသည် မိန်းမဆန်ဆန်ချောမောနေသယောင် အနည်းငယ်ပုံပေါက်ကာ တစ်ချိန်တည်းမှာပင် သူ၏ ဩဇာရှိလှသည့် ယောင်္ကျားဆန်မှုအား လေထုထဲတွင် ထုတ်လွှင့် ထိန်းသိမ်းထားပေသည်။ ဟွာယိုရှန်သည် ညှိ့အားပြင်း၍ ဆွဲဆောင်မှုရှိသောလေထုအား သူ၏အရိုးထဲမှ တည့်တည့်ထုတ်လွှင့်ပေးထားသည်။ တစ်လက်လက် အရှိန်အဝါများ တောက်ပနေပုံပေါ်ကာ သူ၏ အလင်းရောင်ထဲတွင် အရိပ်ခိုနေသည့် မိန်းမငယ်မှန်သမျှ၏ နှလုံးသားများအား အလွတ်တကူ ရယူသိမ်းပိုက်နိုင်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now