အပိုင်း (၁၃၇) သူမက သူမကို နှိမ့်ချဆက်ဆံချင်နေတယ်။

397 22 0
                                    

UNICODE

"ဖေဖေ၊ သင်္ဘောပေါ်မှာ ကျွန်တော့်ဘေး ဘယ်သူထိုင်ခဲ့လဲ မှန်းကြည့်။"

"မသိဘူး။" တန်ရီချန်ပြောလိုက်သည်။

"ဘာဘဲဖြစ်ဖြစ် အဖေမဟုတ်တာတော့သိတယ်။"

တန်ရီချန် သူ၏နှာခေါင်းအား ကုတ်ခြစ်နေသည်။ သူနှင့် သူ၏သားသည် ခုံတန်းအတူမထိုင်ခဲ့ပေ။ သင်္ဘောပေါ်တွင် အတူမရှိခဲ့ပေ။

"ချယ်ရီဘေဘီ" တန်ဖိန်မိုပြောလိုက်သည်။

"ဘယ်သူ။ ချယ်ရီဘေဘီ။"

တန်ရီချန် နောက်ဆုံး သိသွားသည့်အခါ အံ့ဩတကြီးအော်လိုက်သည်။

"ဘာ၊ ဘုရား ဘုရား။ တကယ်လား။ အဖေ့ကို ခုနတုန်းက ဘာလို့ မခေါ်လိုက်တာလဲ။ သူ့ကို မတွေ့လိုက်ရဘူးကွာ။"

သက်ပြင်းချလိုက်သည်။

"သားရာ၊ မင်း အရမ်း တစ်ကိုယ်ကောင်းဆန်တာဘဲ။ သူ့ကို တွေ့ဖို့အတွက် အဖေ့ကိုခေါ်မယ်ဆို ကောင်းမှာဘဲ။"

တန်ရီချန် ချယ်ရီဘေဘီအားမတွေ့လိုက်ရသော စိတ်ပျက်မှုကြောင့် ခြေထောက်အား ဆောင့်ချလိုက်သည်။ တန်ဖိန်မိုသည် အဖေဖြစ်သူ စိတ်ဆိုးနေသည်ကို ကြည့်ကာ အော်ရယ်နေမိသည်။

ဒါက သူ့အဖေကို ပြောစရာအကြောင်းကို မရှိတာ။

ချယ်ရီဘေဘီသည် သူ၏ မင်းသမီးလေးသာဖြစ်ရမည်။

ဟာ... သူ့ကို နောက်တစ်ခါထပ်တွေ့ရဖို့ မျော်လင့်တာဘဲ။

........

ထိုအချိန် သွေးစွန်းလက်၏အလှရိုက်ကွင်း၊ ပေကျင်းအရှေ့ဆင်ခြေဖုံးရှိ ရိုက်ကွင်းနှင့်စတူဒီယိုတွင် နေ့လယ်ခင်းရိုက်ကူးမှုသည် ရှုရှင်းရိုနှင့် ချီလီယာတို့၏ ရိုက်ကူးမှုအစပင်ဖြစ်သည်။ လေဒီမန်ဂျင်ရှန်၏ အနီးဆုံးအစေခံအနေဖြင့် ရာရွယ်၊ ရှုရှီယန်သည် ရှုရှင်းရို ရိုက်ကူးနေသရွေ့ ရှုရှင်းရိုသည် သူမအနားတွင် ရှိနေရမည်ဖြစ်သည်။ ရှုရှင်းရို ရိုက်ကွက်းတွင်ရှိနေသရွေ့ ရှုရှီယန် ရိုက်ကွင်းအား လာနေရပေမည်။ ရှုရှင်းရိုသည် ရှုရှီယန်၏ လျှို့ဝှက်များအား သိလိုက်သောကြောင့် သူမအား ထပ်၍ဒုက္ခရောက်စေရန် မည်သည်မျှမကြိုးစား မလုပ်ဆောင်ပေ။ ရှုရှင်းရို သူမအလှည့် ရိုက်ကူးရန် စောင့်နေကာ အားနေသောအချိန်တွင်ပင် သူမ ရှုရှီယန်အား သူမဘာသာ တစ်ယောက်တည်းထားလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now