အပိုင်း (၃) အလွဲ။

2.2K 170 2
                                    

unicode ver-

အခန်းထဲရှိသမျှလူ အကုန်ထွက်သွားသည်နှင့် ရှုရှီယန် အိပ်ယာမှထကာ အဝတ်အစားများအား ပြန်ဝတ်  ၊ ပြန်ထည့်၍ ထွက်သွားရန်ပြင်ရလေသည် ။ သို့သော် ထိုအချိန်တွင်းမှာပင် ကုတင်ပေါ်၌ အိပ်ပျော်နေသော ‌အမျိုးသားက နိုးလာလေသည် ။

လက်တစ်ဖက်ဖြင့် ခေါင်းကိုထောက်၍ ဘေးတစောင်းလှဲနေသော ထိုသူ့ပုံမှာ ဆွဲဆောင်မှုရှိသည်ဆိုသည်မှာ ညာ၍မရ‌ပေ ။ နှုတ်ခမ်းပါးများတွန့်ရုံ‌လေးပြုံးကာ ထုတ်ပိုး၍ အလုပ်ရှုပ်နေသော ရှုရှီယန်အားမေးလေသည်။

“ဒီလိုမျိုး ကိုယ့်ကို ချန်ထားခဲ့မှာလား”

ရှုရှီယန် တစ်ခနတာမျှ ထိုမယုံကြည်နိုင်လောက်အောင်ပင် ချောမောခံ့ညားသော အမျိုးသားအား စိုက်ကြည့်လိုက်မိလေသည် ။

ကျော့ရှင်းပြီး လက်ရာမြောက်သော ပန်းပုရုပ်ကဲ့သို့ ထိုလူ၏မျက်နှာသွင်ပြင်သည် ထင်ထင်လင်းလင်း ရှိရုံသာမက ညှို့အားတစ်မျိုးမျိုး ကိန်းဝပ်နေသယောင် ။ အချိန်များ တစ်ခနတာမျှ ရပ်တန့်ကာ နှင်းတောင်ထိပ်တွင် ရပ်လျှက်ရှိသည့် လရောင်ခနေ‌သော နတ်ဘုရားအား မြင်လိုက်ရသကဲ့သို့ပင် ။

ထိုသူ၏မျက်နှာတွင် ဆွဲဆောင်မှုရှိ၍ ထင်ထင်‌ပေါ်ပေါ်ဖြစ်နေသည်မှာ ကြည်လင်‌နေသော‌ မျက်လုံးအစုံပါပင် ။ ဗာဒံစေ့ကဲ့သို့သော မျက်စံ၊ နက်ရှိုင်းမှုကို ပြနေသော မျက်လုံးအိမ်သည် စကြာဝဠာတစ်ခုလုံး သယ်ဆောင်‌ထားသကဲ့သို့ အရည်များရွှန်းလဲ့နေကာ တစ်ဖိတ်ဖိတ်တောက်ပနေသည် ။
သူမဘက်သို့ မျက်လုံးစွေကြည့်နေသည့် ပုံသည်ပင် အဆပေါင်းများစွာ ကြည့်ကောင်းနေလေသည် ။

ရှုရှီယန် ထိုလူအား တစ်ချက်မျှကြည့်လိုက်ချိန်တွင် အမည်မသိသော နှလုံးသားသံစဉ်တစ်ချက် ပေါ်ပေါက်လာလေသည် ။

ထောင်သောင်းမကပင် ကြည့်ကောင်းရုံသာမက ဆွဲဆောင်မှုရှိသော အမျိုးသားများအား ရှုရှီယန် မြင်ဖူးပေသည် ။ သို့သော် ယခု လူသားကဲ့သို့ အပြစ်အနာအဆာ တစ်ကွက်မျှပင်မရှိရုံသာမက တစ်ပါးသူ၏စိတ်အား ညှို့ယူနိုင်စွမ်းရှိနေသော အသွင်ပြင်ကိုဖြင့် ပထမဦးဆုံးမြင်ဖူးခြင်းပင် ။ တကယ့်ကို စကားလုံးများဖြင့် ဖော်မပြနိုင်သော သဘာဝတရားပင် ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now