အပိုင်း(၃၆) သူမကို တစ်ချိန်ချိန်ကျ တွေ့ချင်တယ်။

1K 85 0
                                    

ဒါကြောင့် မစ္စယင်က သူ့စာတွေကို စာပြန်မပို့နိုင်တာကိုး။ သူရဲ့ အကောင့်ခိုးခံလိုက်ရလို့ပဲ။

မစ္စယင်၏ အကောင့်လေးသည် မီးခိုရောင်မှ အစိမ်းရောင်သို့ပြောင်းသွားသည်ကို မြင်လိုက်ရသောအခါ ဟွာယိုရှန် သူ၏စိတ်ထဲတွင် တကယ်လေးလေးနက်နက် အားတက်သွားသလိုပင်။

နောက်ဆုံးတော့။

သူအား အမှောင်တောထဲမှဆွဲထုတ်ပေးသောသူ၊ သူ့အား တွန်းအားပေးသောသူ၊ သူ့အား ဂရုစိုက်ပေးသောသူနှင့် နောက်ဆုံး အဆက်သွယ်ရပေပြီ။ ပြန်စာတစ်စောင်အား အမြန်ပင်ရေးလိုက်ပြီး ပြုံးနေသည်။

(မစ္စယင်။ ကျွန်တော့်စာတွေကို နောင်ဆုံးတော့ စာပြန်လာလို့ တော်သေးတာပေါ့။ အခုတော့ ကျွန်တော် တော်တော်‌လေးအဆင်ပြေပါတယ်။ ကျွန်တော့်ကိုယ်ပိုင်စီးပွားရေးလေးနဲ့ ဝါသနာလေးတွေ လုပ်နေတယ်။ အခု  ကျွန်တော်ရှာနေတဲ့ မိန်းကလေးကိုလည်း တွေ့ပြီ။ အခုတော့ ကျွန်တော့်ဘဝကြီးက စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေတယ်။ ကျွန်တော်လိုအပ်နေတဲ့အချိန် ‌ကူညီပေးခဲ့တာတွေ၊ ဂရုစိုက်ပေးခဲ့တာတွေ၊ အားပေးခဲ့တာတွေအတွက် ကျေးဇူးထပ်ပြီးတင်ချင်နေတာ။ တကယ်ကို ကျေးဇူးတင်ပါတယ်။)

တခနကြာပြီးနောက် မစ္စယင် ပြန်စာပို့လိုက်သည်။

(အိုး။ ဂုဏ်ပြုပါတယ်။ မင်းအတွက် ဆုတောင်းပေးနေမယ်နော်။ စိတ်မပူပါနဲ့။ လုံးဝပြန်ကောင်းလာမှာပါ။ ဆက်ပြီးကြိုးစားလိုက်။ အားတင်ထား။ဝင်း။)

(ကျေးဇူးတင်ပါတယ်။)

ဟွာယိုရှန် ဖုန်းအား အောက်သို့ ချလိုက်ပြီးချင်း သူ၏နှလုံးသားတစ်နေရာတွင် တလှပ်လှပ်ဖြစ်နေသလိုခံစားလိုက်ရသည်။ နောက်ဆုံးတွင် မစ္စယင်နှင့် အဆက်သွယ်ပြန်ရလေပြီ။ သူ၏ရောဂါကိစ္စအား သူတစ်ယောက်တည်းဖြတ်သန်းနေရသည်ထက် ပို၍ကောင်းမည်မှာ အသေအချာပင်။ ဤခရီးတွင်သူအားအဖော်ပြုပေးနိုင်မည့် သူငယ်ချင်းတစ်ယောက်အား သူ နောက်ဆုံးတွင် ရှာတွေ့ခဲ့လေပြီ။

တစ်ခါတည်းပင် မစ္စယင်နှင့် လူချင်းတွေ့ရန် ဟွာယိုရှန်စဉ်းစားနေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now