အပိုင်း(၄)လျှင်မြန်စွာပြောင်းလဲသွားသောဇာတ်ကြောင်း

1.9K 150 0
                                    

unicode ver -

ဟွာယိုရှန် သူမအား ရစ်ပတ်ထားသော သူ့လက်မောင်းများအား ရုတ်သိမ်းကာ သူမအား လွှတ်‌ပေးလိုက်လေသည် ။
ရှုရှီယန် ဤအခွင့်ရေးအား အသုံးချကာ အချုပ်အနှောင်မှ လွတ်မြောက်အောင် ရုန်းထွက်လိုက်လေသည် ။

ဟိုတယ်အပြင်သို့ ရောက်ချိန်တွင် နေလုံးကြီးသည် ခေါင်းတည့်တည့်သို့ပင် ရောက်နေချေပြီ ။ အပူရှိန်သည် အတော်ပင် ပြင်းထန်လွန်းလှသည်။ ရှုရှီယန် ခေါင်းပေါ်မှ အပြာရောင် ကောင်းကင်အားကြည့်ကာ သက်ပြင်းချလိုက်လေသည်။

'အခု အဆင်ပြေသွားပါပြီ။'

မနေ့ညသည် အဆိုးကြီးမဟုတ်ပေ။ အလွန်တရာ ချောမောခန့်ညားသောလူတစ်ယောက်နှင့် ဖြတ်သန်းခဲ့ရပေသည်။

သူမ မနေ့ညကပင် 'လူ'ဟူသော သဘောတရားသည် အလိုလောဘကြီးကာ မည်မျှပင် ကြောက်စရာကောင်းကြောင်း သင်ယူခဲ့ရသည် ။ ထိုမျှပင်မက သူမ၏ ပတ်ဝန်းကျင်တွင် နောက်ကျောဓားထိုးကာ ယုတ်မာရက်စက်သူတို့၏ ရွံစရာမျက်နှာများပင် မြင်တွေ့ခဲ့ရပေသည် ။

ယနေ့မှစကာ သူမ မည်သူနှင့်မျှ စိတ်ပေါင်းကိုယ်ပေါင်း နီးစပ်ခံမည် မဟုတ်‌ပေ ။ မည်သူ့ကိုမှ အားကိုးတွယ်တာနေတော့မည်လည်း မဟုတ်ပေ။ မည်သူ့အတွက်မျှ နှလုံးသားအား စတေးခံမည် မဟုတ်တော့ပေ။ သူမအတွက်သာ ရှင်သန်မည်၊ သူမ ကိုယ်တိုင်သာ ရပ်တည်မည်၊ သူမ ကိုယ်တိုင်သည်သာ ယုံကြည်အားကိုးရာပင် ။

ရှုရှီယန် ရှေ့ဆက်လျှောက်နိုင်ရန် မိမိကိုယ်ကို အားပေးနေခြင်းပါပင် ။ ခန္ဓာကိုယ်အား မတ်မတ်ထားလျှက် ရှေ့သို့တည့်တည့်မျက်နှာမူကာ အတားအဆီးများအား မမှု့သောအသွင်အပြင်ဖြင့်ပင်။

ရှေ့ဆက်လျှောက်ရမည့်လမ်းများတွင် အတားအဆီး အပိတ်အပင်များ၊ ထိုးနှက်မည့် စကားလုံးများသည် ရှုရှီယန်အား ကြိုဆိုနေမည်မှာ အမှန်ပင် ။

ရှုမိသားစုအတွင်း မည်သူများသည် မည်မျှပင်ရှိ‌သော၊ အကျင့်စာရိတ္တပျက်သော လုပ်ရပ်များအားလုပ်ဆောင်ကာမည်သို့ ဂုဏ်ဖော်ဝင့်ကြွားနေမည်ကို သူမ ရှေ့ဆက် စောင့်ကြည်ချင်နေသေးသည်ပင် ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now