အပိုင်း (၁၁၈) အဲ့ဒီကနေ မင်းကို ထုတ်ပေးမယ်။

360 29 0
                                    

unicode

ကောလဟာလသည် သတင်းအမှားတစ်ခုဖြစ်ကြောင်း အတည်ပြုပြီးနောက် ဟွာကျင်တန် စိတ်လျှော့သွားကာ သက်ပြင်းချလိုက်သည်။ ဟွာယိုရှန်တွင် ကလေးမရှိသရွေ့ ဟွာမိသားစုသည် ဆက်ဆံသူအသစ်တစ်ယောက်အား ရွေးချယ်ရပေမည်။ ထိုအခါ ဟွာကျင်တန်သည် နောက်စဉ်းစားရမည့်သူပင်။ သုံးယောက်သည် ပြန်လည်ထူထောင်ရေးဌာနမှထွက်လာကာ ကားပါကင်အားသွားလိုက်သည်။

"အစ်ကို အရင်သွားနှင့်လိုက်၊ အိမ်တော်ကျရင်တွေ့ကြတာပေါ့။"

ဟွာယိုရှန်ပြောလိုက်သည်။ ရှုရှီယန်အား သူ အိမ်ပြန်ပို့ပေးလျင်သည်။ ဟွာယိုရှန် သူနှင့်မတွေ့လိုက်ရမည်ကို ဟွာကျင်တန်စိုးနေသောကြောင့် အကြံပေးလိုက်သည်။

"ဟေး၊ ကျင်ရှီကို ခေါ်လာခဲ့လေ။ အဲ့ဒီမှာလည်း မင်းကို စောင့်ရှောက်ကြည့်ပေးလို့ရတာပေါ့။"

ရှုရှီယန်ကို အိမ်ခေါ်လာရမယ်။

နောက်နေတာလား။

ခေါ်ချင်တာပေါ့၊ ဒါပေမယ့် ငါတို့က စုံတွဲတောင်မဟုတ်သေးဘူး၊ သူ့ကို ဘယ်လိုလုပ်ခေါ်လို့ရမှာလဲ.....

အရမ်းကြီး ကိုးယို့ကားယားဖြစ်နေတာ။

"ကောင်းတဲ့အကြံလို့ မထင်ဘူးနော်။ ကျွန်တော်တို့မိသားစုက စပြီးမွေးခွန်းတွေမေးလာရင်ကော။ အဲ့တာ သူ့ကို နေရထိုင်ရခက်စေလိမ့်မယ်။" ဟွာယိုရှန် ပြောလိုက်သည်။

"ဘာကိုကြောက်နေတာလဲ။" ဟွာကျင်တန် ပြောသည်။

"မင်းတို့နှစ်ယောက် ဘာမှ မဖုံးကွယ်ဝှက်ထားဘူးဆိုရင် အိမ်ပြန်ပြီး အဲ့ဒီ့သတင်းတွေကို ဘာလို့ မဖြေရှင်းတာလဲ။ ဦးလေးနဲ့အဒေါ်က ငါ့ကို အများကြီး ဆက်တိုက်မေးနေတာ၊ မင်ူရဲ့ရည်းစားက ဘယ်သူလဲဆိုတာကို သိချင်နေကြတာ။ အရမ်းကို စိတ်ညစ်တယ်။"

"...."

ရှုရှီယန် စကားတစ်လုံးမှပင်မထွက်နိုင်ဖြစ်သွားသည်။ သူမ၏စ သနားကြင်နာသောလုပ်ရပ်တစ်ခုသည် ဟွာယိုရှန်အတွက် ဒုက္ခများစွာရောက်စေနိုင်သည်ဟု သူမ မထင်ထားခဲ့ပေ။

"‌ဒါပေမယ့်..."

ဟွာယိုရှန် တွေဝေစဉ်းစားနေသေးသည်။ သူ့အပေါ် ရှုရှီယန် မည်သို့ခံစားရကြောင်းကိုသူမသိကာ သူမအား အိမ်သို့ခေါ်သည်မှာ ကောင်းမွန်သောဆုံးဖြတ်ချက်ဖြစ်မဖြစ် စဉ်းစားနေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now