အပိုင်း (၂၇) လှပသေသပ်စွာ ပြီးမြောက်သွားပြီ။

1.2K 97 0
                                    

ရှုရှီယန် သူမ၏နှာခေါင်းအားပွတ်နေကာ မည်သို့မည်ပုံခံစားသင့်မှန်းပင် သူမ မသိတော့ပေ။ သူမ၏ ရူးကြောင်သောဟာသများသည် ယင်ဘာအို၏ ကြီးပြင်းလာမှုနှင့် ပညာရေး၌ ထိခိုက်သွားမည်ကို စိုးရိမ်နေသည်။

သူမတို့အားလုံး အိမ်အဝင်ပေါက်မှ အိမ်ထဲသို့ ဝင်လာသည်။ ဖန်ရှောင်ချန် ချက်ချင်းပင် သူမ၏ နေ့စဉ်အိမ်အလုပ်များဖြင့် စတင် အလုပ်ရှုပ်နေပေသည်။ ထိုနေ့တစ်ညလုံး ရှုရှီယန် မည်သို့မည်ပုံဖြစ်ခဲ့ကြောင်း တစ်ခွန်းမှ မမေးပေ။

ရှုရှီယန်သည်သာ မနေနိုင်၍ မေးလိုက်ရသည်။

"လိမ္မော်သီး။ ငါ့ကို စိတ်မပူဘူးလား။ ငါ မနေ့ညက ပြန်မလာခဲ့ဘူးလေ။"

"တစ်စက်ကလေးမှဘဲ။ ပြီးတော့ပြောရပါအုန်းမယ်၊ နင်က တကယ်ကို အံ့ဩစရာတွေနဲ့ ပြည့်နေတာဘဲ။"

ရှုရှီယန် မည်သို့မည်ပုံ ပြန်တုန့်ပြန့်ရမှန်းမသိတော့ချေ။

"ကိုယ့်ဘာသာ သာကြည့်တော့။"

ရှုရှီယန်အား သတင်းစာတစ်‌စောင်ကမ်းလျက် ဖန်ရှောင်ချန်ပြောလိုက်သည်။ ရှုရှီယန် ထိုသတင်းစာအား ကြည့်လိုက်ကာ ခေါင်းစီးပိုင်းကိုမြင်သည်နှင့် ချက်ချင်းအံ့ဩသွားသည်။

"အနုပညာကုမ္ပဏီတစ်ခု၏ ဥဣဌ ပြင်းထန်စွာ တိုက်ခိုက်ခံရ"ဟု သတင်း‌ ခေါင်းစီးတွင် ဖော်ပြထားသည်။

ခွီး..

ထိုအရာအားဖတ်ပြီးသည်နှင့် ရှုရှီယန် မထိန်းနိုင်ကာ နှာမှုတ်သံများနှင့် အတည်ပင် ရယ်မောနေမိသည်။ သူမ ထိုးလိုက်ခြင်းကိုခံပြီးနောက် ချုယုဟီ သတင်းခေါင်းစီးတွင် ဤသို့ပါလာမည်ဟု မတွေးထားပေ။

ယင်ဘာအိုသည် သူတို့၏အနီးနားတွင်ရှိကာ သူတို့၏စကားပြောနေမှုအား သတိမမူမိပေ။ ဖန်ရှောင်ချန်သည် ယင်ဘာအို၏ ဆံပင်များအားဖီးပေးနေကာ ရယ်လျက် ရှုရှီယန်အား ရှင်းပြလိုက်သည်။

"အမှန်တိုင်းပြောရရင် ငါ နင့်ကို စိတ်ပူတာပေါ့။ အဲ့ ချုလူ နင့်ကို တစ်ခုခုလုပ်လိုက်မှာ စိုးနေတာ။ ငါ နင့်ကို ဖုန်းခေါ်တယ်။ ဒါပေမယ့် ခေါ်လို့မရဘူး။ဖုန်းက မဝင်ဘူးဖြစ်နေတာ။ အဲတာနဲ့ နင် ဖုန်းအားကုန်သွားပြီလို့ သိလိုက်တာဘဲ။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now