အပိုင်း (၁၁၄) ရှာဖွေတွေ့ရှိမှု အသစ်တစ်ခု။

450 29 0
                                    

unicode

"အဲ့တာဆိုလည်း.... ‌ဟုတ်ကဲ့ပါ။" ကလေးမလေး ပြောလိုက်သည်။

"သမီးစောင့်နေမှာနော်။ တနင်္ဂနွေနေ့ သမီးတို့တွေ့မှာ မမေ့နဲ့နော်..."

ရှုရှီယန် သမီးဖြစ်သူနှင့် ညဉ့်နက်သည်အထိဖုန်းပေါ်နေကာ ဆိုဖာပေါ်တွင်ပင် အိပ်လိုက်သည်။ နောက်တစ်နေ့မနက်တွင် သူမနိုးလာကာ ချက်ချင်း ထထိုင်လိုက်သည်။ အချိန်အား ကြည့်လိုက်ကာ စောသေးသောကြောင့် သူမ စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်သည်။ ဆိုဖာပေါ်မှထကာ ရေချိုးလိုက်သည်။ သူမ၏အဝတ်အစားများလဲပြီးသည့်အခါ အခန်းနံပါတ်၁၀၁ပိုသွားလိုက်ကာ သူမ၏သော့နှင့်ဖွင့်ဝင်လိုက်သည်။ စန္ဒယားမှထွက်လာသောသံစဉ်များအား ရှုရှီယန် အိမ်ထဲသို့ဝင်လိုက်ချင်း ကြားလိုက်ရသည်။

ဟွာယိုရှန် တယောတီးနေတာလား။

သူမ ဟွာဆန်ယန်ဆီမှပုန်းနေစဉ် တယောခန်းထဲသို့ဝင်မျခဲ့သောကြောင့် ဟွာယိုရှန်တွင် တယောအခန်းတစ်ခန်းရှိမှန်းသိခဲ့ရပေသည်။ ထိုအခန်းသည် မျိုးစုံသောဂီတတူရိယာများနှင့်ပြည့်နေကာ ထိုအရာများအား စစ်ဆေးကြည့်ရှုရန် သူမတွက် အချိန်ပင်မရှိခဲ့ပေ။ တယောခန်းဆီသို့ သူမသွားလိုက်ကာ တံခါးအား တိတ်တိဆိတ်တွန်းဖွင့်လိုက်သည်။ ဝှီးချဲပေ့်တွင်ထိုက်နေသော အမျိုးသားတစ်ယောက်သည် အနက်ရောက်တယောအား စိတ်ရောကိုယ်ပါနှစ်ထားကာ တီးခတ်ပျော်မွေ့နေသည်။ သူ၏ရှည်လျားသောလက်ချောင်းများသည် တယောအား မြန်ဆန်စွာတီးခတ်နေသည်။ သံစဉ်များသည် တိတ်ဆိတ်ငြိမ်သက်နေသော တောအုပ်ထဲမှဖြတ်ကာ မြစ်ကြောင်းတစ်ကြောင်း တစ်သွင်သွင်စီးချလာသကဲ့သို့ပင် လူတစ်ယောက်၏စိတ်ဝိဉာဉ်နှလုံးသားထဲသို့ တိုက်ရိုက်ထိုးဝင်ပေသည်။ ငြိမ်ညောင်းလှသောသံစဉ်နှင့် တီးခတ်နေသော ကျက်သရေရှိသည့် အမျိုးသားတစ်ယောက်၊ နှစ်ခုပေါင်း သူမအား ဆွဲဆောင်နေသောကြောင့် ရှုရှီယန် နှလုံးခုန်သံများပင်မြန်လာသည်။ ဟွာယိုရှန် ကိုယ်တိုင် ဂီတထဲသို့ စိတ်ရောကိုယ်ပါမြုပ်နှံထားသည့်အချိန်တွင် သူသည် လူတိုင်းအားဆွဲဆောင်နိုင်သည့် စွဲလမ်းမှုတစ်ခု၊ ညို့အားတစ်ခုနှင့် ပြည့်နေသော လူတစ်ယောက်ပင်ဖြစ်သည်။ ဟွာယိုရှန်သည် သရုပ်ဆောင်ခြင်းတွင် သူမတူအောင်တော်သောလူတစ်ယောက်ဟု ရှုရှီယန် တွေးခဲ့ဖူးလေသည်။ သူတီးခတ်သောဂီတသံအားနားထောင်လိုက်သည့်အချိန် ထိုသူ၏ဂီတအရည်အချင်းသည် သရုပ်ဆောင်မှုအရည်အချင်းအား ပို၍ကျော်ဖြတ်သာလွန်ကြောင်း သူမ သိလိုက်ရသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now