အပိုင်း(၁၈) နည်းနည်း ဒုက္ခရောက်နေတယ်။

1.3K 106 0
                                    

လွန်ခဲ့သော ရက်အနည်းငယ်ကပင် ဘေယန်ဘုရားကျောင်းမှ ရှင်းရွှီဆရာတော်သည် ကောင်းကင်မှ ကြီးမားလှသည့်ပျော်ရွှင်မှုတစ်ရပ် ကျဆင်းလာမည်ဟု သူ့အားအကြားအမြင် ဟောလိုက်ခြင်းသည် တကယ့်ကို အမှန်ဖြစ်‌နေလေသည် ။

ထိုအချိန်တွင် ဟွာယိုရှန် သည် ပျော်ရွှင်မှု ၊ ဝမ်းသာပီတိများ ပြည့်နှက်နေတော့သည် ။

ထို့နောက် သူ့လူများအား အမိန့်ပေးလိုက်သည် ။

“*သူကို ပွေ့မလိုက်။”

ထိုလူနှစ်ယောက်သည် သတိအနေအထားနှင့်ရပ်နေလေသည် ။ သခင်ဖြစ်သူ၏အမိန့်အားကြားသည့်အခါ ရှေ့သို့သွားမည်အပြု သခင်၏ ထပ်မံသော အမိန့်စကားတစ်ခုအား ကြားရပြန်သည်။

“ထားလိုက် ၊ မပွေ့နဲ့တော့။”

ထိုလူနှစ်ယောက် ကြောင်စီစီဖြစ်ကာ အံအားသင့်နေသည် ။

သူတို့လုပ်ရမှာလား ၊ မလုပ်ရဘူးလား ။

“အပြင်ထွက်ပြီး ဒရိုင်ဘာကို ဟွာမိသားစုဆီ ပြန်မသွားဖို့ပြောလိုက် ။ ငါတို့ ရှန်ရှီယုဂျင်ဆီသွားမယ် ။”

ဟွာယိုရှန် ထပ်မံအမိန့်ပေးလိုက်သည် ။

လူနှစ်ယောက်သည် သူ၏အမိန့်အားနာခံလျှက် ထွက်သွားကာ အပြင်သို့ရောက်သည့်အခါ ကားထဲရှိ အခန်းတံခါးအားပိတ်ခဲ့လိုက်သည် ။ ကျယ်ဝန်းလှသော RVကားထဲတွင် သူနှင့် ရှုရှီယန် နှစ်ယောက်တည်းသာ ကျန်ခဲ့သည် ။ ဟွာယိုရှန် ဝှီးချဲကိုအသုံးပြုကာ ရှုရှီယန်ထံ သွားရန်ပြင်သည် ။ သူမအား အချိန်အကြာကြီး အသေအချာ စိုက်ကြည့်ပြီးနောက်  တကယ့်ကိုသူမပင် ၊ ရှုရှီယန် အမှန်ဟု လက်ခံလိုက်သည် ။ သူ၏လက်များသည် စိတ်လှုပ်ရှားမှုကြောင့်ပင် တုန်ရီနေသည် ။ သူ၏နှလုံးသည်လည်း ရထားတစ်စင်းလိုပင် အခုန်မြန်နေသည် ။ ယခုအချိန်တွင် သူသည် အရူးတစ်ယောက်ကဲ့သို့ ခံစားရပေသည် ။

ကျယ်ပြန့်သောနေရာတွင် အချိန်အကြာကြီးပျောက်ဆုံးနေသော ရတနာတစ်ခုအား ထူးထူးဆန်းဆန်းပင် မထင်မှတ်သည့် အချိန်၌ တွေ့ရှိခဲ့ရခြင်းဖြစ်သည် ။ ယခုအချိန်တွင် ဟွာယိုရှန်၏ ခေါင်းထဲ၌‌ပေါ်လာသော အတွေးတစ်ခုပင် ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now