အပိုင်း (၃၇) သူမရဲ့ စကားလုံးတွေကြောင့် အရမ်းကို ရင်ထဲထိသွားတယ်။

990 75 0
                                    

ချယ်ရီဘေဘီလေးက စူးကနဲအော်လိုက်သည်။ ခနတာကြာပြီးနောက် ပန်းရောင်ယုန်ဝတ်စုံအား ဝတ်ထားသော လူတစ်ယောက် မြင်ကွင်းထဲတွင်ပေါ်လာသည်။ ထို့နောက် လေလံဆွဲရောင်းမည့် ပစ္စည်းများ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
"အပင်ကမ္ဘာထဲမှ အယ်လစ်"၏ စဦးချင်း ခေါ်သည့်လေလံဈေးသည် ယွမ်၂၀ရှိသည်။ ထို့နောက် တဖြေးဖြေးနှင့် ငါးယွမ်ချင်း တိုးတိုးလာပေသည်။

ယုန်မေမေကြီးသည် ပရိတ်သတ်များအား လက်ပြနှုတ်ဆက်ပြီးနောင် ချယ်ရီဘေဘီဘက်သို့ လှည့်လိုက်သည်။

ယုန်မေမေ(ဟေး။ ဘေဘီ။ ဒီမှာ ဘာလို့ အမြဲတမ်း အပင်တွေရောင်းနေတာလဲ။)

ချယ်ရီဘေဘီ(ဘာလို့လဲဆိုတော့ ဘေဘီက ပိုက်ဆံရှာချင်လို့။)

ယုန်မေမေ(ဒါပေမယ့် ဘေဘီက အရမ်းငယ်သေးတယ်လေ။ ပိုက်ဆံကို ဘာလို့ လိုတာလဲ။)

ချယ်ရီဘေဘီ(ဘေဘီကလည်း မာမီကို ကူဖို့အတွက် ပိုက်ဆံလိုတယ်လေ။ ပြီးရင် ဒယ်ဒီကို ဝယ်အုန်းမှာ။ မေမေဘဲပြောတယ်လေ ဒယ်ဒီက အရမ်းဈေးကြီးတယ်ဆို။ အဲ့ကြောင့် ပိုက်ဆံတွေများကြီးရှာဖို့ လိုတာပေါ့။ အဲတော့ အခုကစပြီး ဘေဘီက ပိုက်ဆံတွေများကြီး ရှာမယ် ပြီးရင် ဘေဘီတို့ကို ဘယ်တော့မှ မထားသွားမယ့် ကမ္ဘာပေါ်မှာ အကောင်းဆုံးဒယ်ဒီကို ဝယ်ကြမယ်လေ။)

ချယ်ရီဘေဘီသည် ရှင်းပြပြီးသောအခါ သူမ၏ ဝက်စုဘူးလေးကိုယူလာကာ အထဲမှ အကြွေစေ့များသွန်ချလိုက်ကာ ရေတွက်နေသည်။ ချယ်ရီဘေဘီ အကြွေစေ့များ ရေတွက်နေသည့် ပုံစံလေးသည် အလွန်ပင် ချစ်စရာကောင်းသည်။ သို့သော် သူမ ခုနလေးတင်ပြောသွားသည့် စကားလုံးများသည် မယုံကြည်နိုင်လောက်ပင် ရင်ထဲထိသွားသည်။

ကလေးဆန်သော စကားလုံများမှတစ်ဆင့် ချယ်ရီဘေဘီသည် မိဘမစုံလင်ကာ မိခင်တစ်ယောက်ထဲနှင့် ကြီးပြင်းလာသော ကလေးဖြစ်မှန်းသိနိုင်သည်။ ကလေးမလေးသည် ရိုးရိုးစင်းစင်းဖြင့် အကောင်းမြင်ကာပြောခြင်းဖြစ်ပြီး အဖေတစ်ယောက်၏ချစ်ခြင်းမေတ္တာကို ရရှိရန်စိတ်အားအလွန်ထက်သန်နေသည်။

သူမ၏စကားများသည် အရမ်းပင် ရင်ထဲထိစေသောကြောင့် အသီးများ၏လေလံတန်ဖိုးတစ်ခုချင်းစီသည် ဒုံးပျံတစ်စီးကဲ့သို့ ပျံတတ်သွားသည်။ ငါးမိနစ်ကြာပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုရပ်လိုက်သည့်နောက် "အပင်ကမ္ဘာမှအယ်လစ်"အား ၂၂၆၅ယွမ်ဖြစ်ရောင်းလိုက်ရသည်။ အခြားအင်တာနက်လေလံပွဲတစ်ခုမှ ရောင်းသောပုံစံတူအပင်ပုတစ်ခု၏ဈေးသည်ပင် ယွမ်၂၀၀သာရသည်။ ချယ်ရီဘေဘီ၏ အပင်အိုးများရောင်း၍ရသော ယွမ်၂၂၆၅သည် အလွန်ပင် အံ့အားသင့်စရာကောင်းသော စွမ်းဆောင်နိုင်မှုတစ်ခုပင်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now