အပိုင်း (၂၄) ငါ သူ့ကို ကျေးဇူးတင်သင့်တာ။

1.2K 116 0
                                    

"အခု ကိုယ်လမ်းမလျှောက်နိုင်လို့ လက်ထပ်လို့လည်းမရတော့ဘူး။ ကိုယ်မသေသေးခင် ကိုယ့်မိသားစုက မျိုးဆက် ဆက်ဆံသူကို ကိုယ့်ဆီကနေ မျှော်လင့်နေကြတာ။ ကိုယ်ဘယ်လိုခံစားနေတယ်ဆိုတာ မင်းနားလည်မှာ မဟုတ်ဘူး။"

ဟွာယိုရှန် စကားများသည် ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှပ်နေသည်။ ရှုရှီယန် ထိုသူအပေါ် တဖြေးဖြေးပင် စိတ်မကောင်းဖြစ်လာသည်။ ထိုနေ့ အခြေအနေအရ သူမ ဆောင်ရွက်မည်များအား ဆောင်ရွက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့ခြင်းမဟုတ်ပေ။

"ကျွန်မတကယ်ကို စိတ်မကောင်းပါဘူး။" သူမပြောလိုက်သည်။

"ဒီလိုဖြစ်သွားလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မတွေးဖူးဘူး။ ဒီလိုဆိုတိုင်းလည်း ကျွန်မအပေါ် အပြစ်အကုန်ပုံချလို့မှ မရတာ။ အဲ့ညတုန်းက ကျွန်မအခန်းထဲ မှားဝင်လာတာ ရှင်လေ။"

ထိုညတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များသည် ကြောက်မက်ရွံရှာဖွယ်ကောင်းသော်လည်း ထိုသူနှင့် အိပ်ခဲ့ခြင်းအတွက် နောင်တ တစ်စုံတစ်ရာ မရပေ။ ထိုလူသာ မဟုတ်ခဲ့ပါလျှင် သူမ ယင်ဘာအိုအား တွေ့ရမည်မဟုတ်ပေ။

သူမ ထိုလူအား အမှန်ပင် ကျေးဇူးတင်သင့်သည်။

ထိုလူ၏ မိသားစုသည် ထိုလူ့ထံမှ မျိုးဆက်မျှော်လင့်နေကြောင်း ကြားရသည့်အခါ အနှောင့်အယှက်ဖြစ်သောခံစားမှုနှင့် စိုးရိမ်သောခံစားမှု နှစ်ခုသည် တစ်ပြိုင်တည်း သူ၏ရင်ထဲတွင် ဖြစ်ပေါ်လာသည်။

သို့သော်လည်း ထိုလူသည် သူ၏သမီးအရင်းဖြစ်သော ယင်ဘာအိုအကြောင်း သိနိုင်မည့် အခြေအနေမရှိပေ။ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါလျှင် သူမ၏ကလေးအား အင်အားသုံးကာ ဆွဲယူသွားကြပေမည်။ ထိုအရာသည် ရှုရှီယန်၏ဘဝ အဆုံးသတ်ခြင်းပေ။

ဟွာယိုရှန် မျက်ခုံးတစ်ဖက်အား ပင့်လိုက်ကာ "ဆိုတော့ ပြောချင်တာက အခန်းမှားဝင်တဲ့ ကိုယ့်ရဲ့အမှားပေါ့လေ။ မင်းနဲ့ အတူတူအိပ်ဖို့ ကိုယ့်ကိုအတင်းအကျပ် စေခိုင်းတာလည်း ကိုယ့်အမှားဘဲလား။ ကိုယ့်ရဲ့စိတ်ကော၊ လူကော ထိခိုက်ပြီး နာကျင်ရတာလည်း နောက်ဆုံး ကိုယ့်ရဲ့ ကံဆိုးမှုဘဲလား။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now