အပိုင်း(၄၅) ကျေးဇူးပြုပြီး ငါကိုကူ‌ခေါ်ပေးပါအုန်း။

952 76 0
                                    

သန်မာ‌သောယောင်္ကျားပီသသည့် "ဂုန်ဇီရာရီ"ဆိုသော အသုံးပြုသူနာမည်သည် ရှုရှီယန်အပိုင်မှန်း တစ်ခါမျှပင် မာဟာဒုန် စိတ်ကူးမယဉ်ဖူးပေ။

"ငါက တကယ်တမ်းကျွမ်းကျင်သူ မဟုတ်ပါဘူး။ သူများအထင်ကြီး‌ခံရဖို့သာ ငါ ဒီအကောင့်ကို သုံးတာ။ ငါက တကယ်တမ်း မကျွမ်းကျင်တဲ့သူတစ်ယောက်။"

ရှုရှီယန် အမှန်အတိုင်းပြောနေသော်လည်း မာဟာဒုန်သည် သူမအား သူ၏စံပြအသည်းစွဲတစ်ယောက်ကဲ့သို့ ဆက်ဆံပြုမှုနေသည်။

"လာပါ။ ငါတို့ အဖွဲ့ ဖွဲ့ရအောင်။ ကျေးဇူးပြုပြီး ငါကို ကူခေါ်ပေးပါအုန်း‌ နော်။"

ရှုရှီယန်သည် သူမ၏စီနီယာများမှ လုပ်ထားသော အုပ်စုထဲသို့ ဝင်ရန်"ဒုန်ရှစ် ရှီဒူ"ဟုသော နာမည်ကို ဖိတ်လိုက်သည်။ တစ်နာရီလောက် ဂိမ်းဆော့ကာ သူတို့နှစ်ယောက် အချိန်ကုန်ခဲ့သည်။ ဂိမ်းနှင့်ပက်သက်၍ နှစ်ယောက်စလုံး အသည်းအသန်ပင်ဖြစ်ကြသည့်အတွက် ချက်ချင်းပင် သူငယ်ချင်းကောင်းများ ဖြစ်သွားကြသည်။ ဂိမ်ဆော့ပြီးသွားသည့်နောက်တွင် မာဟာဒုန်သည် ဆက်ဆော့ဖို့ပင် စိတ်အားထက်သန်နေသည်။

"ကျင်ရှီလိုမျိုး တကယ့်ပရိုတစ်ယောက်နဲ့ အဖွဲ့တစ်ဖွဲ့တည်းကျတာ ကောင်းလိုက်တာ၊ တစ်ချိန်ချိန်ကျ ထပ်ပြီး တူတူကစားရအောင်။"

"ဟုတ်ပြီလေ။" ရှုရှီယန် စိတ်အားထက်သန်စွာ ကတိပေးလိုက်သည်။

ထို့နောက် ရှုရှီယန် ကျန်ရှိနေသော စတန့်ရိုက်ကွက်များအတွက် ဆက်လက်ရိုက်ကူးရလေသည်။ သူမ ပြီးစီးသွားသည့်အခါ ညဆယ်နာရီပင် ရှိလေပြီ။ ရှုရှီယန် မစ္စတာရှင်းဆီသွားလိုက်ကာ တစ်နေ့လုပ်အားခအတွက် ယွမ်နှစ်ထောင်အား ရရှိလေသည်။ သူမ ရိုက်ကွင်းမှထွက်လာပြီး အလွန်ပင် ပင်ပန်းနေလေပြီ။

ရိုက်ကွင်းသည် အနီးဆုံး ကားမှတ်တိုင်နှင့်ပင် တော်တော်ဝေးလှသည်။ သူမ တက္ကစီနှင့် ပြန်ရန် သင့်သည်။ သို့သော် ယခုတွင် သူမ သွားရတော့မည်။ မှတ်တိုင်အား လမ်းလျှောက်ကာ သွားရတော့မည်။ လမ်းတစ်လျှောက်လုံး မှောင်မဲနေသည်။ လမ်းတစ်လျှောက်လုံးတွင် လမ်းမီးအိမ်နှစ်ခုသည် လမ်းကွေ့အမှောင်ထဲတွင် အလင်းရောင်လုံလုံလောက်လောက်ရနိုင်စွမ်းပင်မရှိပေ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now