အခန်း ၁၆၄

46 7 0
                                    

အလုပ်ကနေ အိမ်ကိုမပြန်ခင်မှာတော့ Poliana က Rebecca ဆီကို နောက်တစ်ခေါက်ထပ်သွားလိုက်သည်. Lady Rebecca က တရေးအိပ်ရာမှ နိုးလာပြီး ညစာစားနေသည်. သူမက Poliana ကို သူမနဲ့အတူ ညစာစားဖို့ ဖိတ်ခေါ်လိုက်တာကြောင့် Poliana က အံ့ဩသွားသည်. Poliana က ဒီဖိတ်ကြားချက်ကို ဝမ်းသာအားရလက်ခံသင့်ပေမဲ့ ကံမကောင်းစွာနဲ့ သူမက ဒီညအတွက် အစီအစဉ်ရှိပြီးသားဖြစ်နေသည်.

"စိတ်မကောင်းပါဘူး Lady Rebecca ငါ ဒီညအဖို့ ချိန်းထားပြီးသားဖြစ်နေလို့ပါ"

အနီးနားမှာရပ်နေတဲ့ Lady Cekel က ရှေ့တိုးလာကာ Poliana ကို ပြောလိုက်သည်.

"Marquess Winter ကျွန်မတို့ညစာစားမဲ့အစီအစဉ်ကို နောက်နေ့ရွေ့လိုက်လို့ရပါတယ်. ကျွန်မ ရှင့်ကို ထပ်ပြီးဖိတ်လိုက်ပါ့မယ်. ကျွန်မကို စိတ်မပူပဲနဲ့ Lady Rebecca နဲ့အတူ ညစာစားလိုက်ပါ"

Poliana က ဒီညမှာ Cekel ရဲ့ အိမ်မှာ ညစာစားဖို့ စီစဉ်ထားခဲ့တာဖြစ်သည်. သူမက မျက်မှောင်ကြုံ့ကာ ပြန်ပြောလိုက်သည်.

"ဒါပေမဲ့ ငါ ဒီလိုလုပ်လို့မရဘူးလေ. Lady Cekel ငါတို့ညစာစားမဲ့အစီအစဉ်ကို အနီးကပ်ကျမှ ဘယ်ဖျက်လို့ဖြစ်ပါ့မလဲ? ဒီနေ့အဖို့ မင်း ဟင်းတွေ ကောင်းကောင်းချက်ထားမှာကို ငါသေချာသိနေတယ်..."

ချိန်းဆိုမှုတွေကို အချိန်နီးကပ်မှ ဖျက်တာက ရိုင်းစိုင်းတဲ့အပြုအမူဖြစ်ပြီး Poliana က ဒီညမသွားခဲ့ရင် Cekel ရဲ့ မာနကို ထိခိုက်သွားစေနိုင်သည်. ပြီးတော့ Cekel က Polianaကို ညစာစားဖို့ဖိတ်တာဖြစ်ပေမဲ့ Cekel ရဲ့အဖေ Viscount Ingreter က ခွင့်ပြုပေးခဲ့တာဖြစ်သည်. တကယ်လို့ သူမ မသွားဖြစ်ခဲ့ရင် Viscount ကိုပါ မလေးစားရာရောက်သွားနိုင်သည်. Poliana က Viscount Ingreter နဲ့ရော သူ့သား ၃ ယောက်လုံးနဲ့ပါ ဆက်ဆံရေးကောင်းမွန်နေတာဖြစ်သည်. ပြီးတော့ သူမက ဒီလိုကောင်းမွန်တဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားချင်သည်. တကယ်လို့ Lady Rebecca က သူမနဲ့အတူ ညစာစားဖို့ ရက်အနည်းငယ်လောက် ကြိုပြောဖြစ်ခဲ့ရင်တော့ Poliana က ဘယ်သူ့ကိုမှ စိတ်မကောင်းမဖြစ်စေပဲ ဒီညစာစားပွဲကို ဖျက်သိမ်းလိုက်လို့ရသည်.

ဒီအကြောင်းအရာတွေကို မသိတဲ့ Lady Rebecca ကတော့ အမျိုးသမီးနှစ်ယောက်စကားပြောတာကို နားထောင်နေရင်း အပြစ်ရှိသလို ခံစားနေရသည်. သူမက Poliana ကို တောင်းပန်လိုက်ကာ

Emperor and the Knightness (Zawgyi) Book - 1Wo Geschichten leben. Entdecke jetzt