အခန်း ၅၉

93 11 0
                                    

"ပါးစပ်ပိတ်!"

Gali ကအော်လိုက်ပြီး တစ်ခုခုကိုစဉ်းစားနေပုံရတဲ့ Lucius ကို ဓါးနဲ့ရမ်းလိုက်သည်. Gali ရဲ့လက်ကို ဖမ်းဆွဲလိုက်ရမလား ဒါမှမဟုတ် မင်းသမီးကို ဓါးစားခံအဖြစ်ဆွဲခေါ်လိုက်ရမလား? ဘယ်ဟာက ပိုပြီးအဆင်ပြေမလဲ?

သူဆုံးဖြတ်ချက်မချရသေးခင်မှာပဲ ဓါးမြှောင်တစ်စင်းက သူ့ဘေးကနေ ပျံသွားကာ Gali ရဲ့လက်ကို စိုက်သွားသည်. Bikpa ဘုရင်က နာကျင်စွာနဲ့ အော်လိုက်သည်

"GYAAA!"

"အရှင်! ဘေးကိုရွေ့ပေးပါ!"

"အရှင်! ဘေးကိုရွေ့ပေးပါ!"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Poliana က သူမဝတ်စုံကိုဖြဲလိုက်ပြီး သူမရဲ့နောက်ဆုံးဓါးမြှောင်ကို ဆွဲထုတ်လိုက်ကာ သူမဆီကို ပြေးလာတဲ့ Bikpa စစ်သည်ဆီကို ပစ်လိုက်သည် ဓါးမြှောင်က သူ့ရဲ့သတ္တုချပ်ဝတ်ကို ထိမှန်ပြီး ပြုတ်ကျသွားပေမဲ့ Sir Donau က Bikpa စစ်သည်ကို လက်ဗလာနဲ့ ဝင်နပန်းမလုံးခင်မှာ ဓါးမြှောင်ကို လျင်မြန်စွာနဲ့ကောက်လိုက်ပြီး Sir Deke ဆီကို လှမ်းပေးလိုက်သည် Donau က Poliana ရဲ့အကြိုက်ဆုံးတိုက်ခိုက်မှုဖြစ်တဲ့ ကန်ချက်နဲ့ စစ်သည်ရဲ့ပေါင်ကြားကို ကန်လိုက်တာကြောင့် စစ်သည်က အားနည်းစွာနဲ့ မြေပေါ်ကိုလဲကျသွားသည်

အဲ့နောက်မှာတော့ Donau က လဲကျသွားတဲ့ စစ်သည်ဆီကနေ ဓါးကိုလျင်မြန်စွာနဲ့ ယူလိုက်သည်. Sir Deke ကလဲ အစောင့်တစ်ယောက်ကို အောင်မြင်စွာနဲ့ သတ်လိုက်နိုင်ပြီး သေသွားတဲ့သူရဲ့ လှံတံကို ဆွဲယူလိုက်သည်

Lucius က စောင့်ကြည့်နေရင်း သူ့အတွေးတွေကို လျင်မြန်စွာနဲ့စုစည်းလိုက်သည်. အဖြစ်အပျက်တွေက အရမ်းကို လျင်မြန်စွာနဲ့ ပြောင်းလဲသွားသည်. အမျိုးသားတွေက အော်ဟစ်နေကြပြီး. Lucius က သူ့မျက်နှာမှာ အပြုံးတုတစ်ခုရှိနေသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now