အခန်း ၁၄၁

77 7 0
                                    

ညစာစားပွဲပြီးတဲ့နောက်မှာတော့ Lucius က Poliana နဲ့ သီးသန့်တွေ့ဆုံလိုက်သည်. သူမက သူမသွားတွေကို ကြိတ်ကာ ဧကရာဇ်ကို ပြောလိုက်သည်.

"ဒီနေ့ည ကျွန်မဘာတွေကြားခဲ့လဲဆိုတာ အရှင်သိလား?"

"ဘာများလဲ Sir Pol?"

"အရှင်က Acreia ကို နှိမ့်ချဆက်ဆံပြီး အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသကို မျက်နှာသာပေးနေတယ်လို့ လူတွေက ပြောနေကြတယ်. ပြီးတော့ အရှင့်ရဲ့ လက်ထပ်ပွဲကလဲ စိတ်ပျက်စရာကောင်းတယ်လို့ ပြောနေသေးတယ်"

ဒီအကြောင်းကို စကြားတုန်းက Poliana က ဒေါသဖြစ်သွားခဲ့ပေမဲ့ သူမ ပတ်ဝန်းကျင်မှာ အရေးကြီးပုဂ္ဂိုလ်တွေရှိနေခဲ့တာကြောင့် သူမ ဒေါသတွေကို ထုတ်ပြလို့မရခဲ့ပေ. Poliana က စိတ်ရှုပ်စွာနဲ့ လေထဲကို လက်သီးတွေပစ်ထိုးနေပြီး Lucius ကတော့ ညစာစားပွဲမှာတုန်းက သူစဉ်းစားမိတာကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်သည်.သူက Poliana ကို သူ့အနားတိုးလာဖို့ အချက်ပြလိုက်သည်. သူမ သူ့အနားရောက်လာတော့ ဧကရာဇ်က အရှေ့ကို မှီလိုက်ကာ တီးတိုးပြောလိုက်သည်.

"မင်း ခြေထောက်မြန်မြန်သွားနိုင်တဲ့ လူတစ်ယောက်ယောက်ကိုများသိလား? လောလောဆယ်အလုပ်အတည်တကျ မရှိပဲ ပျင်းနေတဲ့လူဆို ပိုကောင်းမယ်"

Lucius သိသမျှ အကောင်းဆုံးစစ်သည်တွေက အဆင့်မြင့်ရာထူးနေရာတွေမှာ တာဝန်ပေးအပ်ထားပြီးဖြစ်သည်. သူက တစ်ယောက်ကိုမှ စဉ်းစားလို့မရတာကြောင့် အသစ်ထပ်ခန့်ဖို့ လိုနေသည်. Poliana က လက်ရှိတာဝန်ပေးအပ်ထားခြင်းမရှိသေးတဲ့ လူတွေကို စဉ်းစားကာ နာမည်တစ်ခုကိုပြောလိုက်သည်.

"Viscount Ingreter ရဲ့ သား Sir Deke ကတော့ သူ့ခြေထောက်က တော်တော်လေးမြန်တယ်. သူ့ရဲ့တစ်ခုတည်းသော ပြဿနာက သူအရက်မူးလာတာနဲ့ သူက ခြေဦးတည့်ရာ လျှောက်ပြေးတော့တာပဲ ပြီးတော့ ဘယ်သူမှ သူ့ကို လိုက်မဖမ်းနိုင်ဘူး. သူက အဲ့လောက်ကိုမြန်တာ"

"ဟမ်... ငါလိုချင်တာ အဲ့လိုမဟုတ်ဘူး. သူ အဲ့လိုလျင်မြန်တာကိုတော့ ငါသဘောကျပါတယ်. သူက လျှို့ဝှက်ချက်တွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုရော သိရဲ့လား?"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now