အခန်း ၁၅၈

54 5 0
                                    

Sir Rabi နဲ့ Sir Baufallo တို့က ထိတ်လန့်သွားကြသည်. သူတို့က Poliana ရဲ့စီရင်ချက်ကို ပြန်ပြင်လိုက်ကာ အပျော်မယ်ကို သတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့သည်. သူတို့တွေကို ဥပဒေအတိုင်း စီရင်ခဲ့ပြီး ပြစ်ဒဏ်အသစ်က ပိုပြီးရက်စက်တာဖြစ်ပေမဲ့ ဘယ်စစ်သားကမှ အထွန့်မတက်ရဲကြပေ. သူတို့က လေသံတစ်ချက်မှ မထွက်ရဲတာကြောင့် Poliana က ဒေါသထွက်ကာ စိတ်ပျက်သွားသည်.

သူတို့နှစ်ယောက်လုံးက အမျိုးသမီးဖြစ်တာနဲ့ပဲ Poliana က သေသွားတဲ့အပျော်မယ်ကို စာနာရမှာလား? သူမ ဘယ်လိုပဲဆုံးဖြတ်ချက်ချချ လူတွေက သူမရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်ကာ သူမကို အပြစ်ဖို့ကြမှာဖြစ်သည်. ဒါက သူမအနေနဲ့ အပျော်မယ်ကို သနားကာ သူမစိတ်တိုင်းကျ စီရင်ချက်ချတယ်လို့ ဆိုလိုတာမဟုတ်ဘူးလား?

နောက်ပိုင်းမှာတော့ Poliana က ပိုပြီးတော့ ရှင်းရှင်းလင်းလင်းတွေးလာနိုင်ကာ သူမကိုယ်တိုင်နဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ ရိုးရိုးသားသားဖြစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်နိုင်သည်. သူမဆုံးဖြတ်လိုက်တဲ့ စီရင်ချက်က တရားမျှတမှုမရှိသလို လက်သင့်ခံစရာလဲမရှိပေ. သူမက ကြောက်ရွံ့နေပြီး ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိပဲ ဆုံးဖြတ်မိတာဖြစ်သည်. သူမက လူတွေဘယ်လိုတုန့်ပြန်မလဲဆိုတာကို ကြောက်ရွံ့နေခဲ့သည်.

တကယ်လို့ အခုအချိန်မှာ တစ်ခုခုဖြစ်ခဲ့ရင်တော့ သူမက ဒီစစ်သားတွေကို လူသတ်မှုနဲ့ အပြစ်ပေးဖို့ တုန့်ဆိုင်းမှာ မဟုတ်တော့ပေ. သူမက အရင်နဲ့မတူတော့ပဲ သူမအရင်တုန်းက ဘယ်လောက်တောင် သတ္တိကြောင်ခဲ့လဲဆိုတာကို မေ့ပစ်ဖို့ ကြိုးစားခဲ့သည်. အချိန်အတော်များများမှာတော့ သူမက အောင်မြင်ခဲ့ပြီး တစ်ခါတစ်လေမှာတော့ ထူးဆန်းစွာနဲ့ပဲ အဲ့အခိုက်အတန့်ကို သတိရနေတတ်သည်.

Poliana က ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖူးခဲ့ပေ. ဒီအကြောင်းနဲ့ပတ်သက်ပြီး သူမ မေ့နေတာလဲ ဖြစ်နိုင်သလို သူမရဲ့ အရှက်ကွဲမှုကို တခြားသူတွေကို ပြောပြစရာမလိုဘူးလို့ ခံစားမိလို့လဲ ဖြစ်နိုင်သည်. သူမ ဒီအကြောင်းကို ပြောမိတိုင်း လူတွေက "မင်းက မိန်းမတစ်ယောက်ဖြစ်နေလို့ စိတ်သဘောထားနူးညံ့ပြီး အားနည်းတယ်" လို့ လူတွေက ပြောလာကြမှာပဲဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now