အခန်း ၅၆

87 13 2
                                    

Galiက အနေရခက်စွာနဲ့ Poliana ကို ပြောလိုက်သည်.

"မင်းအတွက်လဲ ဝတ်စုံနဲ့လက်ဝတ်ရတနာတွေ ပြင်ပေးထားတယ်. မင်းနည်းနည်းပါးပါးပြင်ဆင်လိုက်ပေါ့"

သူ့စကားတွေက ကောင်းမွန်ပေမဲ့ သူမက သူ့ရဲ့တန်ဖိုးကြီးအဝတ်အထည်တွေနဲ့ ထိုက်တန်တယ်လို့ Bikpa ဘုရင်က မထင်မိပေ.

Poliana က ယဉ်ကျေးစွာနဲ့ ငြင်းဆိုလိုက်သည်

"ကျွန်မက Acreian စစ်သည်တစ်ယောက်မို့လို့ ပြင်စရာမလိုပါဘူး"

Gali က စိတ်ဆိုးစွာနဲ့ ပြန်ပြောလာသည်

"ဒါပေမဲ့ မင်းငါတို့ရိုးရာကိုလိုက်နာရမယ် ပြီးတော့ ဒီလိုအရေးကြီးတဲ့ပွဲမျိုးမှာ မင်းအနေနဲ့ လေးစားမှုကို ပြသင့်တယ်"

သူစိတ်ဆိုးတဲ့အချိန်မှာတော့ သူက ဘုရင်တစ်ပါးနဲ့ပိုတူတယ်လို့ Poliana ထင်လိုက်ပေမဲ့ သူမတာဝန်ကို သူမ နားလည်သည်. သူမ တခြားစစ်သည်တွေလိုပဲ သန့်ရှင်းတဲ့ရှပ်အင်္ကျီနဲ့ ဘောင်းဘီဝတ်ဆင်ပါ့မယ်လို့ အလျော့ပေးလိုက်ပေမဲ့ Gali က ပိုပြီးတော့ စိတ်ဆိုးသွားသည်


"မင်းက Bikpa မှာ ဒါကြောင့် မင်း Bikpa ရဲ့ရိုးရာကို လိုက်နာရမယ်. ငါ့ဧည့်သည်အနေနဲ့ မင်းက ငါမင်းအတွက်ပြင်ဆင်ပေးတာကို စားရမယ် ဝတ်ရမယ်.ဧည့်သည်တွေက ညစာစားပွဲမှာ လက်နက်ကိုင်ဆောင်ခွင့်မရှိဘူး"

"ရှင့်ရဲ့သဘောထားကြီးမှုအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မအတွက် ပြင်ဆင်ပေးထားတာကို ဝတ်လိုက်ပါ့မယ် ဒါပေမဲ့ ကျွန်မ လက်နက်မယူလို့မရဘူး"

Poliana က ယဉ်ကျေးစွာနဲ့ ထပ်မံငြင်းဆိုလိုက်သည်

တော်ဝင်အခမ်းအနားတွေမှာ ဧည့်သည်တွေအနေနဲ့ လက်နက်ကိုင်ဆောင်ခွင့်မရှိတာမှန်ပေမဲ့ Poliana က ဒီစည်းကမ်းကို လိုက်နာဖို့ စိတ်ကူးမရှိပေ. မနက်ဖြန်ဆိုရင် Bikpa က Acreia လက်အောက်ကို တရားဝင်ကျရောက်တော့မှာ ဖြစ်တာကြောင့် သူမအနေနဲ့ ဒီရူးကြောင်ကြောင်ဘုရင်ကို လေးစားစရာမလိုပေ

'လူရွှင်တော်နဲ့တူသွားနိုင်တဲ့ အဝတ်တွေ ငါဝတ်လိုက်လို့တော့ ရတယ်. ဒါပေမဲ့ ငါ့ဓါးကိုတော့ လက်မလွှတ်နိုင်ဘူး'

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now