အခန်း ၆၇

92 13 0
                                    

"ဟုတ်ကဲ့ပါ, အရှင်"

စစ်ပွဲတစ်ခုမှာ အရေးအကြီးဆုံးက တရားမျှတဖို့ ဖြစ်တယ်. လွယ်လွယ်ပြောရရင် နယ်မြေသိမ်းတာနဲ့ပတ်သက်ပြီး နည်းလမ်းတကျနဲ့ တရားမျှတမှုရှိရင် သူ့အတွက် အရာအားလုံး အလုပ်ဖြစ်လာလိမ့်မယ်လို့ Lucius တွက်ဆထားသည်

Acreian ဧကရာဇ်ရဲ့ ဆောင်ပုဒ်က ဒီနယ်မြေကလူတွေက သူတို့ရဲ့တကိုယ်ကောင်းဆန်တဲ့ဘုရင်လက်အောက်ကနေလွတ်မြောက်သွားမယ်. သူက တိုင်းပြည်တိုင်းမှာရှိတဲ့ နိုင်ငံသားတိုင်း ပျော်ရွှင်စေဖို့ ကတိပြုသည်

Lucius က လူမျိုးတစ်ခုချင်းစီအလိုက် အသေးစိတ်အကြောင်းအရာတွေကိုလဲ လေ့လာထားသည်. ဥပမာ Aehas နဲ့ Kukda က လူတွေက အချိန်အကြာကြီးတိုက်ပွဲတွေဖြစ်ထားတာကြောင့် မလိုအပ်ပဲ ဒုက္ခခံနေခဲ့ကြရသည်. Bebero ကတော့ Aehas နဲ့ Kukda ကို လက်နက်တွေရောင်းကာ အမြတ်ထုတ်ခဲ့သည်. ဒီနိုင်ငံ ၃ ခုလုံးက မြင့်မားတဲ့အခွန်နှုန်းထားတွေကြောင့် ပြည်သူတွေက ငတ်ပြတ်နေကြသည်

Lucius က Acreian တွေရဲ့ အခွန်ဥပဒေအတိုင်း သူ့လက်အောက်ခံနယ်မြေတွေမှာ ကျင့်သုံးလိုက်သည်. အခွန်နှုန်းတွေက ၁၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ လျော့ကျသွားသည်. ဒီဥပဒေက ဆိုးရွားတဲ့ရာသီဥတုကြောင့် စိုက်ပျိုးရေးမဖြစ်ထွန်းတဲ့ Acreia မှာ အသုံးဝင်တဲ့ ဥပဒေဖြစ်သည်. ဒီလိုအခွန်နှုန်းလျော့ချတာကို လက်အောက်ခံနယ်မြေတွေက ဝမ်းသာအားရ လက်ခံကြသည်

အုပ်ချုပ်သူအဖွဲ့ကနိုင်ငံတွေမှာတော့ အခွန်နှုန်းက ၇၀ ရာခိုင်းနှုန်းဖြစ်ပြီး ဆင်းရဲသားတွေအတွက် ဘာမှမကျန်တော့သလောက်ဖြစ်သည်. စစ်ပွဲစတဲ့အခါမှာတော့ အစိုးရက အခွန်နှုန်းကို ၉၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သည်

ဒါကြောင့် Lucius က Acreian တွေကို Bikpa အထက်တန်းလွှာစစ်ပြေးဒုက္ခသည်တွေအဖြစ် ဟန်ဆောင်ခိုင်းလိုက်သည်. သူတို့တွေက ဒီနိုင်ငံ ၃ ခုကို လျှောက်သွားပြီးတော့ Lucius ရဲ့ ဥပဒေအသစ်ကို သဘောမကျတဲ့အကြောင်း ဖြန့်လိုက်ကြသည်. အခွန်နှုန်းတွေကျဆင်းသွားရင် အထက်တန်းလွှာတွေက ပိုဆင်းရဲသွားတာဖြစ်သည်. ဒီသူလျှိုတွေက Acreian ဧကရာဇ်က ဒီနိုင်ငံတွေကို သိမ်းယူလိုက်ရင် အခွန်နှုန်းတွေ သိသိသာသာလျော့သွားမှာဖြစ်တာကြောင့် သာမာန်လူတန်းစားတွေက အကျိုးကျေးဇူးအများကြီး ရသွားနိုင်ကြောင်း သတင်းလွှင့်လိုက်သည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now